Main menu

Background

ပဲစင်းငုံဈေးအနည်းငယ်ပြန်တိုးလာ

Tue, 02/15/2011 - 06:26 -- Anonymous (not verified)

 ပဲစင်းငုံဈေးအနည်းငယ်ပြန်တိုးလာ              ယခုတစ်ပတ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအား ဆက်တိုက်ရှိနေတာကြောင့် အနည်းငယ်ပြန်လည် တိုးတက်လာခဲ့ပါတယ်။ ဈေးကွက်တခိုျ့မှ ဝင်ရောက်လာတဲ့ ပဲအသစ် များမှာ အရည်အသွေးနိမ့်ကျတယ်လို့ သိရပါတယ်။ အစိုးရရဲ့ ဒုတိယ အကြိမ် ခန့်မှန်းချက်အရ ပဲစင်းငုံတန်ချိန် ၃ ဒသမ ၁၈ သန်းထွက် မယ်လို့ဆိုရာ ပထမအကြိမ်ခန့်မှန်းထားတဲ့ တန်ချိန် ၃ ဒသမ ၂၇ သန်းထက်လျော့ကျခန့်မှန်း ထားပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလအတွင်း မှာ မိုးရွာသွန်းခြင်းက အထွက်နှုန်းကို လျော့ကျစေခဲ့တာကြောင့် ခုလိုလျော့ကျခန့်မှန်းခြင်းဖြစ်ပါတယ်။ အထွက်လျော့ကျမယ့် ခန့်မှန်း ချက်က ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေး ကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄                                                                                          ဒေါ်လာ/တန်  ဈေးကွက်                       ၁ဝ .၂ .၁၁                ၉ .၂ .၁၁               ၈ .၂ .၁၁               ၇ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)       ၈၃၆-၈၃၈                  ၈၃၈                     ၈၂၆                   ၈၂၃ဒေလီ(မြန်မာပဲစင်းငုံ)               ၈၃၄                      ၈၃၈                    ၈၃၂                    ၈၂၃ချန်နိုင်း(မြန်မာပဲစင်းငုံ)             ၈၂၃                       ၈၂၇                    ၈၅၉                   ၈၃၄