Main menu

Background

ထိုင်းနိုင်ငံ၏ ရော်ဘာစိုက်ပျိုးရေးစီမံကိန်း

Tue, 02/15/2011 - 06:58 -- Anonymous (not verified)

ထိုင်းနိုင်ငံ၏ ရော်ဘာစိုက်ပျိုးရေးစီမံကိန်း               ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘီဆစ်ဝဲ့ချာချီဝက ထိုင်းနိုင်ငံမှာ အမျိုးသားရော်ဘာစိုက်ပျိုးရေးစီမံကိန်းကို ဟက်တာ (၁၂၈ဝဝဝ) နဲ့ အကောင်အထည်ဖော်ဖို့တောင်သူများကို တွန်းအားပေးခဲ့ကြောင်း သိရပါတယ်။ ဒီစိုက်ပျိုးရေးစီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုနှစ်မှာ အစိုးရက RSS-3 အမျိုးအစား ရော်ဘာရဲ့ဈေးနှုန်း တစ်ကီလိုဂရမ်ကို ဘတ် ၂ဝဝ (၆ ဒသမ ၄၅ ဒေါ်လာ) ကို ရောက်ရှိနိုင်တယ်လို့မျှော်လင့်ထားတဲ့အတွက် ဖြစ်ပါတယ်။ဒီစီမံကိန်းက ၂ဝ၁၇ မှာ ရော်ဘာတန်ချိန် (၂၂ဝဝဝဝ) ပိုမိုထွက်ရှိမှာဖြစ်ပြီး ယခင်နှစ်က အထွက်နှုန်းတန်ချိန် (၃ ဒသမ ၁၁) သန်းရှိခဲ့ကြောင်း သိရပါတယ်။၁၆ဝဝဝဝ ခန့်ရှိတဲ့ တောင်သူအသစ်တွေဟာ ဒီစီမံကိန်းကို စတင်ဆောင်ရွက်နေပြီး ၎င်းတို့ဟာ (ဝ ဒသမ ၇) ဧကနဲ့ (၅ ဒသမ ၇၃) ဧကကြား ပိုင်ဆိုင် ကြပါတယ်။အစိုးရ ကလွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီးဒီအစီအစဉ်ကို ရေးဆွဲခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ မြောက်ပိုင်းမှာ စိုက်ဧက (၂၄ဝဝဝ ဟက်တာ) နဲ့ အရှေ့မြောက်မှာ စိုက်ဧက (၈ဝဝဝဝ) ဟက်တာကို အကောင်အထည် ဖော်နေကြောင်း သိရပါတယ်။ကျန်တဲ့ဧက (၂၄ဝဝဝ ဟက်တာ) ကိုတော့ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဖြန့်ပြီး စိုက်ပျိုးမှာ ဖြစ်ပါတယ်။အစိုးရအနေနဲ့ ရော်ဘာပင်ပေါက်၊ ဓါတ်မြေသြဇာနဲ့နည်းပညာအထောက်အပံ့တွေကို ပထမ (၃) နှစ်မှာ ဈေးနှုန်း ချိုသာစွာနဲ့ အထောက်အပံ့ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။              သုံးနှစ်လေးနှစ်လောက်အထိ စိုက်ပျိုးသူတွေရင်ဆိုင်ရမယ့် ကုန်ကျစရိတ်သံသရာအတွက် နိုင်ငံပိုင် ဘဏ်တွေက အတိုးနှုန်း သက်သာစွာနဲ့ ငွေချေးပေးမယ့်အစီအစဉ်လဲရှိကြောင်းသိရပါတယ်။အစိုးရအနေနဲ့ ၂ဝ၁၂ မတ်လတိုင်အောင်ဘတ်ငွေ (၈) ဘီလီယံကို ရော်ဘာတောင်သူတွေ သုံးစွဲဖို့ အစီအစဉ် ရေးဆွဲဆုံးဖြတ်ထားကြောင်းလဲ သိရပါတယ်။ Source: commodity online,KZW