Main menu

Background

အိန္ဒိယနိုင်ငံသည် သကြားတန်ချိန် ၅ သိန်းအားမဖြစ်မနေတင်ပို့ခွင့်ပြုသင့်

Tue, 02/15/2011 - 07:08 -- Anonymous (not verified)

အိန္ဒိယနိုင်ငံသည် သကြားတန်ချိန် ၅ သိန်းအားမဖြစ်မနေတင်ပို့ခွင့်ပြုသင့်              အိန္ဒိယနိုင်ငံ နယူးဒေလီရဲ့ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲနဲ့ Internet သတင်းအရ လက်ရှိကမ္ဘာ့ သကြားဈေးနှုန်းမြင့်တက်နေတဲ့အချိန်တွင် သကြားတန်ချိန် ၅ သိန်းကို မဖြစ်မနေအမြန်တင်ပို့ရောင်းချသင့်ကြောင်း ဖော်ပြ ထားပါတယ်။ အိန္ဒိယနိုင်ငံက ဘရာဇီးလ်နိုင်ငံပြီးရင် ကမ္ဘာပေါ်တွင် သကြားထွက် ရှိမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ယခုအခွင့်အရေးက အလွန်ရှားပါးတဲ့ အခွင့်အရေး ဖြစ်ကြောင်း၊ သကြားတင်ပို့ရောင်းချမှုနှောင့်နှေးခဲ့ပါက သကြားစက်ရုံများရဲ့ ငွေကြေး အနေအထားထိခိုက်သွားနိုင်ကြောင်း၊ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်း သြစတြေးလျနိုင်ငံရဲ့ ဆိုင်ကလုန်းမုန်တိုင်း့Yasi ပြင်းထန်စွာတိုက်ခတ်ခဲ့ရာ သကြား အဓိကစိုက်ပျိုးတဲ့ ကွင်းစလန်းပြည်နယ်ရဲ့ ကြံစိုက်ခင်းထက်ဝက်ခန့်ပျက်စီးခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ နိုင်ငံတစ်ခုလုံးသကြားထွက်ရှိမှုရဲ့ ၁၅ ရာခိုင်နှုန်းအထိပျက် စီးဆုံးရှုံးခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် သကြားစားသုံးမှုအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ပြည့်မီပြီးပါက ပြည်ပကိုသကြားတန်ချိန် တစ်သန်းတင်ပို့နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်က ပြည်တွင်း တွင်သကြားတန်ချိန် ၂၄ ဒသမ ၅ သန်းစားသုံးဖို့ လျာထားသော်လည်း စားသုံးမှုမှာ တန်ချိန် ၂၂ သန်းထက်ကျော်မှာမဟုတ်လို့ သကြားတန်ချိန် တစ်သန်းကို လွယ်လင့်တကူ တင်ပို့နိုင်မှာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်တွင် သကြားတန်ချိန် ၁၈ ဒသမ ၈ သန်းထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၂၅ ဒသမ ၈ သန်းထွက်ရှိနိုင်ပြီး ရာခိုင်နှုန်းအနေနဲ့ ၃၆ ရာခိုင်နှုန်းတိုးတက်ထွက်ရှိမယ်လို့ ခန့်မှန်းကြောင်း ဖော်ပြထားပါတယ်။ ဒေါက်တာခင်ဦးမေ၊ှSource:brecorder.com