Main menu

Background

ပြည်ဈေးကွက်မှာ ငါးကြင်းအဝင်သွက်ပြီး ငါးသလောက်ဈေးမာ

Tue, 02/15/2011 - 07:16 -- Anonymous (not verified)

 ပြည်ဈေးကွက်မှာ ငါးကြင်းအဝင်သွက်ပြီး ငါးသလောက်ဈေးမာ                      ပြည်ဒေသအတွင်း တစ်ပိုင်တစ်နိုင်မွေးမြူခြင်းနဲ့ စီးပွား ဖြစ်မွေးမြူသော ငါးကြင်းငါးများဟာ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ဈေးကွက်များတွင် အရောင်းအဝယ်သွက်နေ ကြောင်း သိရပါတယ်။                      ယခုဖေဖော်ဝါရီလအတွင်း ဒေသအတွင်း ထွက်ရှိသော ငါးကြင်းငါးအသေးဆိုက်( ၁၅ ကျပ်သားအောက်ခံ) ငါးကလေးများကို ငါးဒိုင်များတွင် တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်း တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင်းသို့ ယခုဖေဖော်ဝါရီလအတွင်း ရန်ကုန်ဗဟိုစံပြငါးဈေးကြီးမှ ငါးသလောက်များ နေ့စဉ်ပုံမှန် ဝင်ရောက်လျက်ရှိပါတယ်။ ငါးသလောက်ဈေးမှာလည်း အတက်အကျမရှိဘဲ အမြင့်ဈေးမှာငြိမ်နေတာကို တွေ့ရပါ တယ်။ ပြည်ငါးဒိုင်များတွင် တစ်နေ့ကို ငါးသလောက် ဝင်ရောက်မှု ပိဿာချိန် ၅ဝဝ ခန့် ဝင်ရောက်ပြီး ငါးသလောက် တစ်ပိဿာကို ၂၆ဝဝ ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်ကြောင်း သိရပါတယ်။နီနီဝင်း