Main menu

Background

ငါးသလောက်နှင့်စပ်လျဉ်းသည့် သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်မည်

Tue, 02/15/2011 - 07:23 -- Anonymous (not verified)

ငါးသလောက်နှင့်စပ်လျဉ်းသည့် သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်မည်                     ငါးသလောက်နှင့် စပ်လျဉ်းသည့် သယံဇာတထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို မကြာမီပြုလုပ်မည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာနိုင်ငံငါးသလောက်လုပ်ငန်းအဖွဲ့ ချုပ်၌ အပတ်စဉ်ပြုလုပ်သည့် သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေး ပွဲကသိရသည်။             ''ငါးသလောက်သယံဇာတထိန်း သိမ်းရေးဆိုင်ရာ စာတမ်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ငါးလုပ်ငန်းအဖွဲ့ချုပ် ရဲ့ သီရိအဏ္ဏဝါခန်းမမှာ မနက် ၉ နာရီ မှာ စတင်ပြုလုပ်ဖို့ရှိပါတယ်။ ငါးသ လောက်ဟာ မြန်မာနိုင်ငံရဲ့အဓိကကျတဲ့ ဟင်းလျာဖြစ်သလို၊ ဘင်္ဂလားပင်လယ် အော်ဒေသရဲ့ အနောက်ဘက်ခြမ်းမှာ အရေးကြီးတဲ့ငါးပါ။ ငါးလုပ်ငန်း ဦးစီး ဌာနအနေနဲ့ ငါးသလောက်ထိန်းသိမ်း ရေးကို ဧရာဝတီတိုင်းမှာ ဆောင်ရွက် ရာ၌ မြစ်အတွင်းမှာ ငါးအမျိုးအစား ပေါက်ပွားမှု၊ ငါးဥချမှု၊ နေရာဒေသ ရာသီဥတု၊ ငါးဖမ်းကိရိယာ စတဲ့ အချက်တွေကို လေ့လာပြီး စာတမ်းကို Work Shop  မှာဖတ်ကြားမှာ ဖြစ်ပါ တယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။              အဆိုပါငါးသလောက်များကို ပင်လယ်ပြင်တွင် ဖမ်းဆီးရာ၌ ဝါးတန်း သင်္ဘောဖြင့် ဝိုင်းချုပ်ပိုက်နှင့်ဖမ်း၍ ရေချိုမှာ မျှောပိုက်၊ ကျားပိုက်၊ သုံးထပ် ပိုက်များဖြင့်လည်း ဖမ်းဆီးကြသည်ဟု ဆိုသည်။ ခင်မျိုးသွယ်