Main menu

Background

ကဏန်းတင်ပို့မှုက ဒေါ်လာ သန်း ၃ဝ ကျော်ရရှိ

Tue, 02/15/2011 - 07:32 -- Anonymous (not verified)

 ကဏန်းတင်ပို့မှုက ဒေါ်လာ သန်း ၃ဝ ကျော်ရရှိ                    မြန်မာနိုင်ငံက ဖမ်းဆီးထုတ်လုပ်သည့်ကဏန်းများကို ပြည်ပနိုင်ငံများသို့ ဒေါ်လာ သန်း၃ဝ ကျော်ရရှိထားပြီဖြစ် ကြောင်းငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။ ''ကဏန်းတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ရာမှာမူဆယ် နယ်စပ်စခန်းကနေ ဒေါ်လာ ၉ သန်းခန့်၊ မြဝတီကနေ ဒေါ်လာ သုည ဒသမ ၅၄၄ သန်းခန့် မြိတ်နယ်စပ် ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ ၁၂၂ သန်းခန့်၊ ကော့သောင်း ကနေ ဒေါ်လာ သုည ဒသမ ၃၉၆ သန်းခန့်၊လေကြောင်းလိုင်း ကနေ ဒေါ်လာ ၁၂ သန်းခန့်တင်ပို့ ရောင်းချခဲ့ရာ စုစုပေါင်း ဒေါ်လာ ၂၂ သန်းခန့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန် တိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသ ကြီး ၂ ခုကနေ ကဏန်း ပျော့မွေးမြူ ထုတ်လုပ်တင်ပို့ရောင်းချမှုက ဒေါ်လာ ၉ သန်း ခန့်ရရှိထားပြီးဖြစ်ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။                    မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံတို့သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် လည်း ကောင်း၊ လေကြောင်းလိုင်းဖြင့်လည်းကောင်း အဓိက တင်ပို့ ရောင်းချလျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်