Main menu

Background

ဆန်၊ ဆန်ထွက်ပစ္စည်းများကို ရေလမ်းခရီးဖြင့် ယခင်ထက် ပိုမိုသယ်ယူ

Tue, 02/15/2011 - 08:08 -- Anonymous (not verified)

ဆန်၊ ဆန်ထွက်ပစ္စည်းများကို ရေလမ်းခရီးဖြင့် ယခင်ထက် ပိုမိုသယ်ယူ               ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရဲ့ အဓိကထွက်ကုန် ဆန်၊ ဆန်ထွက်ပစ္စည်းများကို ရန်ကုန်နှင့် အခြားမြို့များသို့ တင်ပို့ရာမှာ ယခင်ကားလမ်းခရီးဖြင့် ပုသိမ်-ရန်ကုန် ဆန်တစ်အိတ် တန်ဆာခ ၅ဝဝ ကျပ်-၅၅ဝ ကျပ်နဲ့ ကားတစ်စီးကို အိတ်ရေ ၃၅ဝ-၄ဝဝ တင်ပို့လျက်ရှိပါတယ်။ ယခုအချိန်တွင် သက်ဆိုင်ရာမှ ကားတစ်စီး ယာဉ်ပါကုန် ၁၆ တန်သာ ခွင့်ပြုတာကြောင့် ကားတစ်စီးကို ဆန်အိတ်ရေ ၁၆ဝ၊ ၂ဝဝ သာ တင်ဆောင်ခွင့်ရရှိပြီး ဆန်တစ်အိတ်ကို တန်ဆာခမှာ ၈၅ဝ ကျပ်-၉ဝဝ ကျပ်ထိမြင့်တက်လာကြောင်း သိရပါတယ်။ ကားတန်ဆာခနှုန်းထားများ မြင့်တက်လာချိန်တွင် သင်္ဘောဖြင့် ရန်ကုန်သို့ ဆန်တင်ပို့ရာ တန်ဆာခ နှုန်းထားမှာ ဆန်တစ်အိတ်ကို ရန်ကုန်ဆိပ်ကမ်း သို့အရောက် ကျပ် ၃ဝဝ ၊ ကျပ် ၃၅ဝ နှုန်း ဘုရင့်နောင်ပွဲရုံသို့ အရောက် ကျပ် ၅ဝဝ နှုန်းနှင့် ရေလမ်းခရီးမှ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။ ယခုအချိန်တွင် ကားလမ်းခရီးထက် တန်ဆာခနှုန်းထားသက်သာသော ရေလမ်းခရီးမှ ဆန်တင်ပို့မှုမှာ ယခင်ထက်များစွာသွက်လက်မှုရှိကြောင်း သိရပါတယ်။                                                      မင်းမင်းဦး