Main menu

Background

မန္တလေးမြို့တွင်း အိမ်ခြံမြေဈေး တဖြေးဖြေးချင်း တက်ရိပ်ရှိနေ

Tue, 02/15/2011 - 08:15 -- Anonymous (not verified)

 မန္တလေးမြို့တွင်း အိမ်ခြံမြေဈေး တဖြေးဖြေးချင်း တက်ရိပ်ရှိနေ                မန္တလေးအိမ်ခြံမြေဈေးမှာ တဖြေးဖြေးချင်း တက်ရိပ်ရှိနေကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရပါတယ်။ 'မန္တလေးမြို့တွင်း အိမ်ခြံမြေဈေးကွက်က လက်ငုပ်ဖြစ်တဲ့ ဈေးမှာ ဝယ်လက်ရှိတယ်။ ရောင်းမယ့်သူက ဈေးတက်ခေါ်တဲ့အတွက် အရောင်း အဝယ် ငြိမ်နေတာ။ ဈေးကွက်အေးတယ်လည်းမဟုတ်၊ သွက်တယ်လည်း မဟုတ်ဘူး။ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလအချိန်ကလောက် အရောင်း အဝယ် မသွက်ဘူး။ အဲဒီကာလက အရောင်းအဝယ် တအားသွက်ခဲ့တာ။ မြို့ထဲ အကွက်တွေက တအိအိနဲ့ဈေးတက်နေပြီး တက်ရိပ်ရှိတဲ့အတွက် ရောင်းတဲ့သူလည်း နည်းတယ်''လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ဇူးဇူး