Main menu

Background

မန္တလေးစက်မှုဇုန်ဈေးကွက်တွင် ကုန်တင်ယာဉ်များ အရောင်းအဝယ်ဖြစ်

Tue, 02/15/2011 - 08:19 -- Anonymous (not verified)

 မန္တလေးစက်မှုဇုန်ဈေးကွက်တွင် ကုန်တင်ယာဉ်များ အရောင်းအဝယ်ဖြစ်                 ယခုနှစ်တွင် မန္တလေးစက်မှုဇုန် ဈေးကွက်အတွင်း ကုန်တင်ယာဉ်များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ လတ်တလောတွင် ကုန်သယ်ယူ ပို့ဆောင်ခြင်းများ၍ ယာဉ်ဝယ်ယူသူ များလာခြင်းကြောင့် ကားဈေးနှုန်း မြင့်တက်ပြီး ပစ္စည်းရှားလာကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ 'ဒီနှစ်မှာ ကုန်တင်ယာဉ်အသုံးပြုတာများလာတဲ့အတွက် ကားလိုအပ် ချက်ကများနေပါတယ်။ ကုန်တင်ယာဉ် အသစ်ဝင်ရောက်တာလည်း မရှိသေး တော့ရောင်းမယ့်သူနည်းပြီး ဝယ်မယ့်သူ များနေတာ။ ပြီးခဲ့တဲ့နှစ်က ဈေးငြိမ်ပြီး အရောင်းအဝယ်အေးခဲ့ပေမယ့် ဒီနှစ် ဆန်းပိုင်းကစပြီး အရောင်းအဝယ် ဖြစ်လာလို့ ဈေးမြင့်တက်လာတယ်'လို့ ကုန်တင်ယာဉ်ပွဲစားတစ်ဦးက ပြောပါတယ်။ ၁၂ ဘီးကားတစ်စီးလျှင် ယခင်က ကျပ်သိန်း ၆၅ဝ ရှိခဲ့ရာမှ ယခုကျပ်သိန်း ၇ဝဝ ဝန်းကျင်၊ ၁ဝ ဘီးကားတစ်စီးလျှင် ကျပ်သိန်း ၄၅ဝ ရှိခဲ့ရာမှ ယခုကျပ်သိန်း ၅၅ဝ ဝန်းကျင်၊ ၆ ဘီးကားတစ်စီးလျှင် ကျပ်သိန်း ၂၅ဝ ရှိခဲ့ရာမှ ယခုကျပ်သိန်း ၃ဝဝ နဲ့အထက်ထိ ဈေးမြင့်တက်လာ ကြောင်း သိရပါတယ်။ ဇူးဇူး