Main menu

Background

လုံးချင်းအငှားဈေးကွက် ကျမသွားနိုင်

Tue, 02/15/2011 - 08:26 -- Anonymous (not verified)

လုံးချင်းအငှားဈေးကွက် ကျမသွားနိုင်               ရန်ကုန်အိမ်ခြံမြေ ဈေးကွက် အတွင်းလုံးချင်းအငှားဈေးကွက်များ ကျသွားနိုင်ဖွယ်မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်ကြီးများက သုံးသပ် ကြသည်။              ''ဇန်နဝါရီလလောက်ထဲက လုံးချင်းတိုက်တွေ အငှားစိတ်တာ ဖေဖော်ဝါရီ လထဲအထိပါပဲ။ အထူးသဖြင့် အိန္ဒိယဘက်က ဆေးကုမ္ပဏီတွေရဲ့ကိုယ်စားလှယ် တွေ၊ ပြည်ပက စီးပွားရေးလုပ်ငန်းတိုးခဲျ့ဖို့ လုပ်ငန်းတာဝန်အရ ဈေးကွက်ထိုး ဖောက်ဖို့အတွက် တာဝန်အရ လာရောက်သူတွေက မူရင်းကုမ္ပဏီကြီးတွေရဲ့ အထောက်အပံ့နဲ့ လုံးချင်းတိုက်တွေ ငှားရမ်းမှုတွေရှိနေတယ်။ အထူးသဖြင့် ရန်ကုန် မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လူတန်း စားအလွှာအမျိုးမျိုး၊ လုပ်ငန်းအမျိုးမျိုးတွေကနေ အသွင်သဏ္ဌာန်မျိုးစုံနဲ့ လာရောက် ငှားရမ်းနေထိုင်မှုတွေရှိနေတဲ့အတွက် ရန်ကုန်မြို့ရဲ့ လုံးချင်းအငှားဈေးကွက်က ကျသွား စရာမရှိပါဘူး''ဟု မဏ္ဍိုင်အိမ်ခြံမြေက ဦးသန်းဦးက ပြောကြားသည်။ ယခုအပတ်အတွင်း ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ လုံးချင်းအိမ်ရာများကို အဓိကငှားရမ်းမှုရှိကြောင်း သိရသည်။ ခင်မျိုးသွယ်