Main menu

Background

ရန်ကုန် အိမ်ခြံမြေဈေးကွက်သို့ မန်းဝယ်လက်ဆင်း

Tue, 02/15/2011 - 08:27 -- Anonymous (not verified)

ရန်ကုန် အိမ်ခြံမြေဈေးကွက်သို့ မန်းဝယ်လက်ဆင်း                     ရန်ကုန်အိမ်ခြံမြေဈေးကွက်သို့ မန္တလေးဝယ်လက်ကြီးများ ဝင်ရောက်ဝယ်ယူလာကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ ထံက သိရသည်။                       ''မန္တလေးဝယ်လက်ကြီးတွေ ဒီတစ်ပတ်ထဲမှာ ဈေးကွက်ထဲဆင်းပြီး ဝယ်လာတာတွေ့ရတယ်။ အထူးသဖြင့် မကြာခင်က ရောင်းချထားတဲ့ လေလံတွေကို လက်ဆင့်ကမ်းဝယ်ယူလာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်က ရောင်းချခဲ့တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုထဲမှာ ရန်ကုန်ထဲက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအချို့ရဲ့ အကွက်အကွင်း ကောင်းတွေကို လက် ဆင့်ကမ်းဝယ်ယူ သွားသူတွေရှိနေပါပြီ။ အခုပြီးခဲ့တဲ့ လေလံပွဲက ငွေသွင်းပုံစံလဲပြောင်းပါတယ်။ လေလံအောင်သူက တန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်းကို တစ်လအတွင်းပေးသွင်းရပြီး ကျန် ၉ဝ ရာခိုင်နှုန်းကို ကျပ်သန်း ၁ဝဝဝ အထက်ဖြစ်ရင် ၆ လအတွင်းကျပ်သန်း ၁ဝဝဝ အောက်ဖြစ်ရင် ၃ လအတွင်းအရစ်ကျစနစ်နဲ့ ပေးသွင်းရတယ်လို့ သိရပါတယ်''ဟု ရန်ကုန်မြို့အခြေစိုက် ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပြသည်။                                                                           ခင်မျိုးသွယ်