Main menu

Background

နနွင်းဝင်ရောက်မှုများလို့ အိန္ဒိယဈေးကွက်တွေမှာ ဈေးကျဆင်းလာ

Tue, 02/15/2011 - 08:51 -- Anonymous (not verified)

နနွင်းဝင်ရောက်မှုများလို့ အိန္ဒိယဈေးကွက်တွေမှာ ဈေးကျဆင်းလာ                 အိန္ဒိယနိုင်ငံ အီရော့ဈေးကွက် ထိန်းသိမ်းရေး ကော်မတီဈေးကွက်မှာ ဖေဖော်ဝါရီလ ၉ ရက် နနွင်း လက်ငင်းဈေး သိသိသာသာကျဆင်းခဲ့တယ်လို့သိရပါတယ်။ နနွင်းလက်ချောင်း ဈေးငြိမ်နေပေမဲ့ နနွင်းဥဈေးက ဈေးကွက် အားလုံးမှာ ကျဆင်းခဲ့ပါတယ်။ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၇ဝဝဝ (ကန်ဒေါ်လာ ၁၅၄) လျော့ကျပြီး နနွင်းဥက တစ်တန်ကို ရူပီး ၁၂ဝဝဝ (ကန်ဒေါ်လာ ၂၆၅) အထိကျဆင်းခဲ့လို့ နနွင်းတောင်သူများကို ထိတ်လန့်စေခဲ့ပါ တယ်။                တစ်လအတွင်း နနွင်းတစ်တန်ကို ရူပီး ၅ဝဝဝဝ (ကန်ဒေါ်လာ ၁၁ဝ၄) ကျဆင်းခဲ့တယ်လို့ အီရော့နနွင်း ကုန် သည်များ အသင်း ဥက္ကဌ အာဗွီရာဗီရှန်တာက ပြောကြားပါတယ်။ ဇန်နဝါရီလ ၇ ရက်မှာ တစ်တန်ကို ရူပီး ၁၆ဝဝဝဝ (ကန်ဒေါ်လာ ၃၅၃၃)နဲ့ ရောင်းချခဲ့ပြီးလက်ရှိမှာ ရူပီး ၁၁ဝဝဝဝ (ကန်ဒေါ်လာ ၂၄၂၉) ဈေးနဲ့သာ ရောင်းချနေရ တယ်လို့လည်း ဆိုပါတယ်။ ဈေးကွက်တွေကို နနွင်းသစ်တွေ လှိုင်လှိုင် ဝင်ရောက်လာပေမဲ့ ဝယ်လိုအား များများမရှိတဲ့ အတွက် ဝယ်လက်တွေက ဈေးအနိမ့်နဲ့ ပေးကြတယ်လို့ ဆိုပါတယ်။                   ဈေးကွက်မှာ အိတ် ၆ဝဝဝ ကျော်ထိ လက်ကျန် များနေပေမဲ့ ရောင်းချရမှုက အလွန်ဘဲနည်းနေတယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ရောင်းချတဲ့ ဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန်ကို ရူပီး ၈၆၁၁ဝ- ၁၂၈၁၁ဝ (ကန်ဒေါ်လာ ၁၉ဝ၁-၂၈၂၉) ရှိပြီး နနွင်းဥဈေးက ရူပီး ၈၁ဝဝဝ-၁၁၄၈၉ဝ (ကန်ဒေါ်လာ ၁၇၈၉-၂၅၃၇)   ရှိတယ်လို့သိရပါတယ်။ ဈေးကွက် ထိန်းသိမ်းရေးကော်မတီမှာ တော့ နနွင်းလက်ချောင်းတစ်တန်ကို ရူပီး ၉၅၆၇ဝ-၁၃၅၂၇ဝ (ကန်ဒေါ်လာ ၂၁၁၃-၂၉၈၇) ရှိပြီး၊ နနွင်းဥတစ်တန် ရူပီး ၉၃၂ဝဝ-၁၁၉၂၁ဝ (ကန်ဒေါ်လာ ၂ဝ၅၈-၂၆၃၃) ဈေးရှိ တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline