Main menu

Background

ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ပဲတီစိမ်း(ခရမ်း)ဈေးစွာလာ

Tue, 02/15/2011 - 09:14 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ           (ပြည်ပရောင်း)               (ပြည်တွင်းရောင်း)                       ပြောင်းလဲမှု                                                       ယခင်          ယခု            ယခင်             ယခု ၁ မတ်ပဲ(RC)                 ၁ တန်           ၇၂၅ဝဝဝ-၆၉၆ဝဝဝ          -                  -၂ မတ်ပဲ(SQRC)             ၁ တန်           ၈၁၅ဝဝဝ-၇၆၈ဝဝဝ          -                   -၃ မတ်ပဲ(ကုန်ကြမ်း)        ၁ ပိဿာ                      -                      ၁၁၈၅-၁၁၂၅၄ ကုလားပဲဖြူလုံးကြီး      ၁ပိဿာ                       -                      ၁၃ဝဝ-၁ဝဝဝ၅ ပဲစင်းငုံနီ (RC)             ၁ တန်                         -                     ၇၄ဝဝဝဝ-၇၂၅ဝဝဝ၆ ပဲတီစိမ်း (ခရမ်း)         ၁ ပိဿာ                       -                            ၁၉၅ဝ                                      -ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ပဲတီစိမ်း(ခရမ်း)ဈေးစွာလာ                  ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နဲ့ ပဲစင်းငုံနီ (RC) ဈေးကျလာပေမယ့် အရောင်းအဝယ်တော့ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည် ကြီးများက အစပိုင်းရက်တွေမှာ ဈေးပေးအဝယ်ရှိခဲ့တာကြောင့် ၇- ၂-၂ဝ၁၁ နေ့မှာ တစ်တန်ကို ၇၂၅ဝဝဝ ကျပ်ရှိရာက နောက်ပိုင်းမှာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတဲ့အပေါ်မူတည် ပြီး ဈေးချအဝယ်ရှိတာကြောင့် ၈-၂-၂ဝ၁၁ နေ့မှာ ၇၁၇ဝဝဝ ကျပ် သို့ဈေးကျခဲ့ပြီး ၉-၂-၂ဝ၁၁ နေ့မှာ ၇၁၅ဝဝဝ ကျပ်သို့ထပ်မံဈေးဆင်း ခဲ့ကာ ၁၁-၂-၂ဝ၁၁ နေ့မှာတော့ ၆၉၆ဝဝဝ ကျပ်သာရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း တန် ၁၆၁ဝခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာအရောင်းအဝယ်ရက်ဆက် သွက်နေတဲ့ ပဲစင်းငုံနီကီ ဒီတစ်ပတ်မှာ အိတ်စပို့ဝယ်လက်တွေက ဈေးနှိမ်ပြီး ဝယ်ယူမှုတွေရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၇၂၅ဝဝဝ ကျပ်နဲ့ တန် ၁၃၅ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ပြီး ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၁၅ဝဝဝ ကျပ်ခန့်ဈေးဆင်းသွား တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် အိတ်စပို့ဝယ်လက် တေက ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို အစပိုင်းရက်တွေမှာ တစ်ပိဿာ ကို ၁၉၁ဝ ကျပ်(တစ်တန်ကို ၁၁၆၉၆၆၄ ကျပ်) ဖြင့် စတင်ဈေးဖွင့် အဝယ်ရှိခဲ့ရာမှ နောက်ပိုင်းရက်တွေမှာ ဈေးပေး အဝယ်ရှိလာ တာကြောင့် ၁၁-၂-၂ဝ၁၁နေ့မှာတစ်ပိဿာကို ၁၉၅ဝကျပ် (တစ်တန် က ို ၁၁၉၄၁၆ဝ ကျပ်အထိ)ဈေးစွာလာပြီး တစ်ပတ်အတွင်း တန် ၆၅ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။