Main menu

Background

ကုန်စည်ဒိုင် သုံးသပ်ချက်များ

Thu, 02/17/2011 - 06:17 -- Anonymous (not verified)

ကုန်စည်ဒိုင် သုံးသပ်ချက်များ               မတ်ပဲ(ကုန်ကြမ်း    ) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်တွေနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး ကျနေတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးကျ နေကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယဘက်မှ အဆွဲပြန်နည်းသွားတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ပြည်၊မုံရွာ၊မြင်းခြံနဲ့ ပခုက္ကူမှာဈေးကျနေပြီး အောင်လံမှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။                ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က တရုတ်နှစ်ကူးပွဲတော်အပြီး အဆွဲပြန်ရှိလာပေမယ့် ပုံမှန်ထက်စာရင် အဆွဲနည်းနေသေးတာကြောင့် မန္တလေး၊ ပြည်နဲ့ မုံရွာမှာ ဈေးကျ နေပြီး အောင်လံမှာ ဈေးတန့်ေ့ နကြောင်း သိရပါတယ်။ ကုလားဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်အဝယ်အေးနေပြီး ပဲခွဲစက်သမား တချို့လောက်သာ အဝယ် အထိုက်အလျောက်ရှိ တာကြောင့် ဘုရင့်နောင်၊ မန္တလေးနဲ့ မုံရွာမှာ ဈေးကအကျဘက် မှာ ရှိနေကြောင်း တွေ့ရပါတယ်။                     ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက ဝယ်အားပုံမှန်ရှိတာကြောင့် မူဆယ်၊ တောင်ကြီးနဲ့ လားရှိုး တွင် ဈေးအနည်းငယ်မြင့်နေပြီး အောင်ပန်းမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။