Main menu

Background

ဘင်္ဂလားဒေ့ရှ်အစိုးရက အရေးပေါ် ဆန်တင်သွင်းဖို့ ဆုံးဖြတ်

Sun, 02/20/2011 - 04:06 -- Anonymous (not verified)

 ဘင်္ဂလားဒေ့ရှ်အစိုးရက အရေးပေါ် ဆန်တင်သွင်းဖို့ ဆုံးဖြတ်            ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နိုင်ငံတကာဈေးကွက်မှာ လေလံခေါ်ယူခြင်းဖြင့် ဆန်တန်ချိန် ၈ သိန်းမှ ၁ သန်းခန့် မကြာခင် စတင်ဝယ်ယူသွားမယ်လို့ သိရပါတယ်။ ပြည်တွင်း ဈေးကွက်တွေမှာ ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို ခံနေရတဲ့ ပြည်သူများအတွက် ဆန်အလုံအလောက် ဖြန့်ဝေနိုင်ဖို့ ဆန်ဝယ်ယူမှုကို အရေးပေါ်တင်သွင်းဖို့ ဆုံးဖြတ်ကြောင်း ဝန်ကြီး ချုပ်ရုံးမှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။               နိုင်ငံတကာဈေးကွက်အတွင်း အခြေခံစားနပ်ရိက္ခာ ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် သဘောတူညီထားတဲ့ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ အနည်းဆုံး ၁၃ ခုဟာ အစိုးရကို ဆန်နဲ့ ဂံျုရောင်းချဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အခုလို အရေး ပေါ်ဝယ်ယူဖို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ ဆန်ဝယ်ယူဖို့ ဆုံးဖြတ်ချက်ကို မကြာသေးခင်က ဝန်ကြီးချုပ်ရုံးမှာ ကျင်းပတဲ့ အဆင့်မြင့် အစည်းအဝေးမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။               အစိုးရအနေနဲ့ ဇွန်လအထိ ဆန်တန်ချိန် ၁ ဒသမ ၇၅  သန်းလိုအပ်မှာဖြစ်ပြီး လက်ရှိအစိုးရရဲ့ ဆန်လက်ကျန်က တန်ချိန် ဝ ဒသမ ၄၈၈ သန်းရှိတယ်လို့ စားနပ်ရိက္ခာဝန်ကြီးက ယင်းအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ လဝန်း၊ ှSource: riceonline