Main menu

Background

ဆန်တင်ပို့မယ့် လျာထားချက်ပြည့်မီဖို့ ဗီယက်နမ်က အနိမ့်ဆုံးဆန်ပို့ကုန်ဈေးကို ၃ - ၄ ရာခိုင်နှုန်း လျှော့ချ

Sun, 02/20/2011 - 04:06 -- Anonymous (not verified)

ဆန်တင်ပို့မယ့် လျာထားချက်ပြည့်မီဖို့ ဗီယက်နမ်က အနိမ့်ဆုံးဆန်ပို့ကုန်ဈေးကို ၃ - ၄ ရာခိုင်နှုန်း လျှော့ချ               တစ်နှစ်လုံးအတွက် အားအထားရဆုံး ရာသီသီးနံှစပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း ဖေဖော်ဝါရီလအတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းပြောင်းလဲမှုမရှိ တည်ငြိမ်နေပါတယ်။ ပထမ (၆) လအတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းကို ဖိလစ်ပိုင်ရဲ့ ဆန်တင်သွင်းမှုပမာဏက လွှမ်းမိုးထားလေ့ရှိပါတယ်။ ယခုနှစ်တွင် ဖိလစ်ပိုင်က ဆန်တင်သွင်းမှုကို လျှော့ချမဲ့အစီအစဉ်အပြင် အဓိက ဆောင်းနွေဦးစပါးရိတ်သိမ်းရာသီဖြစ်နေတဲ့အချက်က ဗီယက်နမ်ဆန်ဈေးကို လာမဲ့ရက်သတ္တပတ်များအတွင်း ကျဆင်းစေနိုင်ကြောင်း ခန့်မှန်းကြပါတယ်။                   ၎င်းအပြင် ဗီယက်နမ်က ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှုကို တန်ချိန် ၁ ဒသမ ၆ သန်းမှ ၁ ဒသမ ၈ သန်းအကြားရောက်ရှိအောင် ရည်ရွယ်ထားကြောင်း၊ ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်းပိုမိုကြောင်း၊ ရည်မှန်းချက် ပြည့်မှီစေဖို့ ဖေဖော်ဝါရီလ ၁၄ ရက်မှစပြီး ၎င်းရဲ့ ဆန်တင်ပို့မှုအတွက် အနိမ့်ဆုံးနှုန်းထားများကို ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြား လျှော့ချလိုက်ကြောင်း သိရပါတယ်။ ပပ၊ှSource:riceonline.com