Main menu

Background

၂ဝ၁၁ မှာ ဖိလစ်ပိုင်က ဆန်တန်ချိန် တစ်သန်းအောက်သာ တင်သွင်းရမယ်လို့ ဆုံးဖြတ်

Sun, 02/20/2011 - 04:11 -- Anonymous (not verified)

၂ဝ၁၁ မှာ ဖိလစ်ပိုင်က ဆန်တန်ချိန် တစ်သန်းအောက်သာ တင်သွင်းရမယ်လို့ ဆုံးဖြတ်              မကြာသေးခင်နှစ်များက ကမ္ဘာမှာအများဆုံးဆန် တင်သွင်းခဲ့တဲ့ ဖိလစ်ပိုင်ဟာ ယခုနှစ်မှာ ဆန်တန်ချိန် တစ် သန်းအောက်သာ တင်သွင်းဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ အဲဒီဆန်ထဲက အများဆုံး ကို ပုဂ္ဂလိက ကဏ္ဍက တင်သွင်းဖို့လည်း ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ မှာ ဆန်တန်ချိန် ၂ ဒသမ ၄၅  သန်းအထိ စံချိန်တင်ဝယ်ယူခဲ့ပြီးနောက် ဆန်သိုလှောင်လက် ကျန်များခြင်းနဲ့ အစောပိုင်းမိုးက ယခုနှစ် ဆန်အထွက်မြင့် တက်မယ့် မျှော်လင့်ချက်တွေရှိလာစေတာမို့ ယခုလိုဆန်တင် သွင်းမှုကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။              ဆန်တင်သွင်းမှု အများဆုံးကို ယခု ၃ လအတွင်း မှာ ပုဂ္ဂလိက ကုန်သည်များစတင်တင်သွင်းသွားမှာ ဖြစ်ပြီး ဇူလိုင်ကအတွင်း နောက်ပိုင်းရာသီမတိုင်မီ အပြီးတိုင် သင်္ဘော တင်ပို့ရ မယ်လို့ နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင် (NFA)  အုပ်ချုပ်သူ Angelito Banayo  က ပြောကြားပါတယ်။ NFA က ဆန်တင်သွင်းဖို့ တင်ဒါကို မကြာခင် ကြေညာမှာဖြစ်ပြီး ပုဂ္ဂလိကဆန်ကုန်သည်တွေကို တင်ပို့ခွင့်ပြုမယ့် ပမာဏကိုတော့ ပြောကြားခြင်းမရှိကြောင်း Banayo က ပြောကြားပါတယ်။ ယခင်နှစ် ပုဂ္ဂလိက ကုန်သည်တွေကို ဆန်တန်ချိန် ၂ သိန်းတင်ပို့ခွင့် ပြုခဲ့ပါတယ်။ ပုဂ္ဂလိက ကဏ္ဍရဲ့ ဆန်တင်သွင်းမှုဟာ အခွန်ကင်းလွတ်ထားပေမဲ့(NFA)  ကိုတော့ ဝန်ဆောင်ခပေးရတယ်လို့ သိရပါတယ်။ လဝန်း၊ှSource: Reuters