Main menu

Background

ဆန်ပြတ်လပ်မှာ စိုးရိမ်ပြီး မလေးရှားက ဆန်တိုးမြှင့်ဝယ်ယူ

Sun, 02/20/2011 - 04:16 -- Anonymous (not verified)

ဆန်ပြတ်လပ်မှာ စိုးရိမ်ပြီး မလေးရှားက ဆန်တိုးမြှင့်ဝယ်ယူ             တရုတ်နိုင်ငံမှာ မိုးခေါင်ခြင်းကြောင့် ကောက်ပဲသီးနံှအကျပ်အတည်း ဖြစ်နေခြင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်မှုကို စိုးရိမ်တဲ့အတွက် မလေးရှားနိုင်ငံဟာ ဆန်အမြောက်အမြားသိုလှောင်နိုင်ဖို့ ထိုင်းနဲ့ ဗီယက်နမ်တို့က ဆန်ဝယ်ယူမှု တိုးမြှင့်နေတယ်လို့ သိရပါတယ်။ အစိုးရဟာ နိုင်ငံပိုင်အေဂျင်စီဘားနပ်ကတစ်ဆင့် ယင်းနှစ်နိုင်ငံက ဆန်ပိုမိုဝယ်ယူနေတယ်လို့ သိရပါတယ်။                 ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းဖြစ်နိုင်ဖွယ်ရာ အခြေအနေမှာ ပြည်တွင်းဖူလုံဖို့ ဆန်သိုလှောင်မှုတွေ လုပ်နေ တယ်လို့ စိုက်ပျိုးရေးအခြေခံ ထုတ်လုပ်မှုဝန်ကြီး Chua Tee Yong ကလည်း အတည်ပြုပြောကြားပါတယ်။ မလေးရှားဆန်လက်ကား ကုန်သည်များအဖွဲ့ ဥက္ကဌ Ng Chee Len ကလည်း ဘားနပ်ဟာ ဆန်အမြောက်အမြား ရောင်းချနိုင်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဆန်ပိုမိုဝယ်ယူခဲ့တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။ ဘားနပ်ဒါရိုက်တာ Ng က ကုမ္ပဏီအနေနဲ့ လက်ငင်းဝယ်ယူမှုသာမက ၂ လမှ ၆ လ ကြိုပွိုင့်စာခုျပ်များ နဲ့လည်း ဝယ်ယူနေတယ်လို့ ဆိုပါတယ်။ ပြည်တွင်းဆန်ဖူလုံဖို့ မြေရရှိဖို့နဲ့ ဆည်မြောင်းများပြင်ဆင်ဖို့ ၂ နှစ်၊ ၃ နှစ်အနည်းဆုံး လိုအပ်ပါတယ်လို့လည်း ဆိုပါတယ်။ လဝန်း၊ ှSource: The Sun Star