Main menu

Background

အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၅ဝ ခန့်ကျဆင်းလာ

Sun, 02/20/2011 - 04:20 -- Anonymous (not verified)

 အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၅ဝ ခန့်ကျဆင်းလာ               အိန္ဒိယပြည်တွင်းမတ်ပဲဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း လက်လီ အဝယ်ရှိလို့ ဈေးတက်လာပေမဲ့ ဇန်နဝါရီလ ကာလတူနဲ့ နှိုင်းယှဉ်ရာမှာတော့ တစ်တန်ကို ကန်ဒေါ်လာ ၅ဝ ခန့် ကျဆင်းလာတာတွေ့ရပါတယ်။ ပြည်တွင်းဈေး ကွက်တွေမှာ လက်ကျန်လျော့နည်းလာပေမဲ့ ဝယ်လိုအားများများမရှိတာရယ်၊ လက်ကျန်ပဲများကလည်း အရည်အသွေးနိမ့်များ ဖြစ်နေလို့ ဈေးမတက်ဘဲ ကျဆင်းလာတာ ဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာလည်း မြန်မာနိုင်ငံက တင်သွင်းပဲများ ရောက် ရှိလာမယ့် အခြေအနေရယ်၊ ပြည်တွင်းဆောင်းမတ်ပဲများလည်း ဝင်လာတော့မှာ ဖြစ်လို့ လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖေဖော်ဝါရီနဲ့ ဇန်နဝါရီလ ကာလတူ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F   ဈေး များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                        ဒေါ်လာ/တန်                 မွန်ဘိုင်းဈေးကွက်             မွန်ဘိုင်း(C & F) ၁၇-၂-၁၁         ၈၈၁-၈၈၇                  ၉ဝဝ-၁ဝ၃ဝ ၁၇-၁-၁၁           ၉၃၂                       ၉၂ဝ-၁၁၂ဝ                                                                                   MIRT(MAPT)