Main menu

Background

ပဲစင်းငုံတင်ပို့မှုလည်း လျော့ကျ

Sun, 02/20/2011 - 04:30 -- Anonymous (not verified)

 ပဲစင်းငုံတင်ပို့မှုလည်း လျော့ကျ            ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက ပဲစင်းငုံတန် ၆ဝဝဝ နီးပါး ကို လျော့ကျတင်ပို့ခဲ့သလို ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၁ဝ-၁၆ ) ရက်အတွင်း မှာလည်း တန်ချိန် ၄၅ဝဝ ခန့်ကို ဆက်လက်လျော့ကျ တင်ပို့လာခဲ့ပါတယ်။ ပြည်ပ ပို့ကုန် တစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့်ရော၊ ရန်ကုန်ဘုရင့်နောင်ဈေး ကွက်မှာ အိန္ဒိယအဝယ်လိုက်လာတာကြောင့်ရော ပဲစင်းငုံဈေးပြန်မြင့်လာ ပြန်ပါ တယ်။ ယခင်တစ်ပတ်က ပြည်တွင်းကုန်သည်များ အချင်းချင်းအရောင်းအဝယ်ဖြစ်ပေမဲ့ အိန္ဒိယဝယ်လက်က အဝယ်နှေးနေတာကြောင့် ပြည်ပအရောင်းအဝယ်ပါးပြီး တင်ပို့မှုပါကျဆင်းလာတာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ် ပြန် သွက်လာတာကြောင့် လာမယ့်အပတ်မှာ တင်ပို့မှု မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                  ဒေါ်လာ/တန်                          ပဲစင်းငုံနီ                              ပဲစင်းငုံဖြူနီ၊ အဖြူ                         အသစ်    အဟောင်း           အသစ်             အဟောင်း ၁၇-၂-၁၁       ၈၉ဝ-၉၁ဝ    ၈၂ဝ-၈၄ဝ         ၇၁ဝ-၇၃ဝ            - ၁ဝ-၂-၁၁       ၉၁၅-၉၃ဝ     ၈၄ဝ-၈၆ဝ             -              ၇၃ဝ-၇၅ဝ MIRT(MAPT)