အိန္ဒိယမွန်ဘိုင်း ပဲစင်းငုံ ကာလတူဈေးအပြောင်းအလဲနည်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံ လီမွန်ဈေးက တစ်လအတွင်း အတက်အကျ အပြောင်းအလဲရှိပေမဲ့ ယခင်လနဲ့ယခုလကာလတူဈေးနှုန်း အပြောင်း အလဲ နည်းတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲစင်းငုံအသစ်တွေ ပုံမှန်ဝင်ရောက်မှုရှိပြီး ယခုရက်ပိုင်းမှာ အဝယ်အချို့ရှိနေတဲ့အတွက် ဈေးနှုန်းက လက်ရှိဈေးဝန်းကျင်မှာ အပြောင်းအလဲရှိနေတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ ဒုတိယအကြိမ် ပဲစင်းငုံအထွက် ခန့်မှန်းချက်က ပထမအကြိမ်ခန့်မှန်း ပမာဏထက် လျော့ကျတာကြောင့် လာမယ့်ရက်တွေမှာလည်း ဈေးများများ မကျနိုင်ဘူးလို့ ခန့် မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများကို ကာလတူနှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၁၇-၂-၁၁ ၈၃၇ ၉၁၅၁၇-၁-၁၁ ၈၂၈-၈၃၄ ၈၆ဝMIRT(MAPT)
Background