Main menu

Background

အရောင်းအဝယ်သွက်နေသော်လည်း ဈေးငြိမ်နေတဲ့ ပြည်ပဲစင်းငုံ

Sun, 02/20/2011 - 04:39 -- Anonymous (not verified)

အရောင်းအဝယ်သွက်နေသော်လည်း ဈေးငြိမ်နေတဲ့ ပြည်ပဲစင်းငုံ               ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင်လည်း ပဲစင်းငုံအဝင်များလျက်ရှိရာ တိုင်းအတွင်းရှိမြို့နယ်များမှာ နေ့စဉ် အဝင်ရှိသလို မကွေးတိုင်း၊ အောင်လံမြို့နယ်မှ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ နေ့စဉ်အိတ် ၆ဝဝ မှ ၇ဝဝ အထိ အဝင်ရှိပြီး၊ လိုင်းသမားများနဲ့ လှောင်လက်သမားများ အဝယ်များနေကြောင်း သိရပါတယ်။ ပဲစင်းငုံဈေးနှုန်းမှာ ပိဿာ ၂ဝ တစ်တင်းကို ၂၂၇ဝဝ ကျပ်ဖြင့်ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း မပြောင်းလဲဘဲ အဝင်ရှိ သလောက် အရောင်းသွက်နေကြောင်းသိရပါတယ်။                                            ဆုမွန်မွန်ဆွေ