Main menu

Background

ပဲတီရွှေဝါဈေးကောင်းလို့ လူသုံးကုန်ပစ္စည်းဈေးကွက်လည်း အရောင်းအဝယ်သွက်

Sun, 02/20/2011 - 04:56 -- Anonymous (not verified)

ပဲတီရွှေဝါဈေးကောင်းလို့ လူသုံးကုန်ပစ္စည်းဈေးကွက်လည်း အရောင်းအဝယ်သွက်                   ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ပဲဈေးကွက်သို့ ပဲတီရွှေဝါ လှိုင်လှိုင်ဝင်လာပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလဆန်း က စတင်ဆွတ်ခူးပြီး ပွဲရုံများသို့ လာရောက်ရောင်းချလျက်ရှိရာ ဖေဖော်ဝါရီဒုတိယပတ်ခန့်မှာ ပဲတီရွှေဝါ အဓိက စိုက်တဲ့ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ဝေါနဲ့ ဒိုက်ဦးမြို့နယ်များမှာ ပဲတစ်တင်းလျှင် ၃၇၅ဝဝ ကျပ်ဈေးအထိရရှိခဲ့ပါတယ်။ ယခုဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်ဝယ်လက်ဆွဲလို့ ပဲဈေးတက်လာပြီး တစ်တင်းလျှင် ၄ဝ၅ဝဝ ကျပ်အထိ ဈေးရရှိခဲ့ပါတယ်။ ပဲအဝင်အနေနဲ့ ကဝနဲ့ပဲခူးမှာ တစ်နေ့ အိတ် ၁၅ဝဝ ကျော်စီ၊ သနပ်ပင်မြို့နယ်မှာ အိတ် ၁ဝဝဝ ကျော်၊ ဝေါနဲ့ ဒိုက်ဦးမြို့နယ်မှာ အိတ် ၇ဝဝ ကျော်စီ လာရောက်ရောင်းချလျက်ရှိပါတယ်။ ဈေးကောင်းရလို့ တောင်သူတွေပဲရောင်းပြီး အပြန်မှာ မိသားစုများလိုအပ်တဲ့ စားသောက်ကုန်၊ အဝတ်အထည်၊ တီဗွီ၊ ဒီဗွီဒီ၊ မီးစက်၊ ဆိုင်ကယ်များ ဝယ်ယူသွားကြတဲ့ အတွက် လူသုံးကုန်ပစ္စည်းများလည်း ယခုရက်ပိုင်းမှာ ရောင်းအားတက်လာ တယ်လို့သိရပါတယ်။                                                      အေးဝင်း