Main menu

Background

မုံရွာပဲတီဈေးကွက် စိမ်းသေးဈေးငြိမ်၊ စိမ်းကြီးဈေးမာ

Sun, 02/20/2011 - 04:58 -- Anonymous (not verified)

မုံရွာပဲတီဈေးကွက် စိမ်းသေးဈေးငြိမ်၊ စိမ်းကြီးဈေးမာ              မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ်အစပိုင်း ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီးပစ္စည်းအဝင်မရှိလို့ ဈေးမဖွင့်နိုင်ခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်အမြင့်ဈေးနဲ့ စဖွင့်ခဲ့ပါတယ်။ စိမ်းသေးတစ်မျိုးသာဈေးဖွင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကလေးဘက်က ပဲတီတစ်ချို့ ဈေးကွက်ထဲ ဝင်လာခဲ့ပေမဲ့ မုံရွာနယ်ဝန်းကျင်က မိုးပဲတီလက်ကျန်လျော့နည်းလာကာ ဈေးကွက်ထဲမှာစိမ်းသေးတစ်တင်း ၂၃၅ဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ဒေသခံစက် သမား၊ လက်လီသမားတွေနဲ့ မန္တလေး၊ ရန်ကုန်ဝယ်လက်ပုံမှန်ရှိခဲ့လို့ တစ်ရက်ပျမ်းမျှ အိတ် ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိတယ်လို့ဈေးကွက်က ဆိုပါတယ်။             နယ်တင်ပို့မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေးကို တင်း ၄ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။                              ထွန်းလှိုင်