Main menu

Background

ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျ

Sun, 02/20/2011 - 04:59 -- Anonymous (not verified)

ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျ               အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒိုရီနဲ့ အာကိုလာဈေးကွက်တွေကို ပဲဝင် ရောက်မှု တိုးတက်လာတာကြောင့် ကုလားပဲဈေးဆက်လက်လျော့ကျ လာခဲ့ပါတယ်။ ဝယ်လက်တွေကလည်း ဈေးထပ်မံကျမယ့် မျှော်လင့်ချက်တွေအရ အဝယ် ဆိုင်းထားတဲ့အတွက် ဈေးကျလာတာဖြစ်ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲအသစ်များ အင်ဒိုရီဈေးကွက်ကို ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပြီး မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ်တို့ရဲ့ လက်ငင်းဈေးကွက်တွေကို ပဲဝင်ရောက်မှု အရှိန်ရလာပြီဖြစ်ပါတယ်။ အစိုးရရဲ့ ဒုတိယအကြိမ် ကုလားပဲထုတ်လုပ်မှု ခန့်မှန်းချက်အရ တန်ချိန် ၇ ဒသမ ၃၇ သန်းဝန်းကျင်ရှိလို့ ယခင်နှစ် ထုတ်လုပ်မှုထက် ၁ ရာခိုင်နှုန်းနီးပါးလျော့ကျတယ်လို့ သိရပါတယ်။                     အစိုးရက စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုနဲ့ ပတ်သက်လို့ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှာ ပဲသိုလှောင်မှု ကန့်သတ်ခြင်းတွေကို ထပ်မံလျှော့ချ နိုင်တယ်လို့ သိရပါတယ်။ ပဲဝင်ရောက်မှုတွေ တိုးတက်လာတော့မှာဖြစ်လို့ ဈေးထပ်မံ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းးခင်၊် ှSource: commodityonline