Main menu

Background

အိတ်စပို့အတွက် ဗွီတူးအဝယ်သွက်လာ

Sun, 02/20/2011 - 05:01 -- Anonymous (not verified)

အိတ်စပို့အတွက် ဗွီတူးအဝယ်သွက်လာ                မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ၁၅ ရက်ပတ် ကုလားပဲဈေးကွက်အတွင်း ဗွီတူးအသစ် အဝင်လှိုင်လာသလို အရောင်းအဝယ်လည်းသွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုရက်ပတ်ထဲမှာ ဗွီတူးတစ်တင်း ၁၉၄ဝဝ ကျပ်ထိ အမြင့်ဆုံး ပေါက်ခဲ့ပေမဲ့၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ တစ်တင်း ၁၉၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။ အိတ်စပို့အတွက် အဝယ် လိုက်လာလို့ တစ်ရက်အိတ် ၃ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေး ကွက်က ဆိုပါတယ်။                 ထိုင်ဝမ်ကုလားပဲကတော့ ဒီရက်ထဲမှာ တစ်တင်း အနိမ့်ဆုံး ၁၈၅ဝဝ ကျပ်ကနေ အမြင့်ဆုံး ၁၉၅ဝဝ ကျပ်ထိရောက်ခဲ့ပါတယ်။ 909 ကုလားပဲကတော့ အသစ်ဝင်ရောက်မှု အားနည်းနေပေမဲ့ တစ်တင်း ၁၈ဝဝဝ ကျပ်၊ ၁၇၅ဝဝ ကျပ်ဈေး များနဲ့ ဒေသတွင်းလုပ်ငန်းသမားများနဲ့ မန္တလေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း မန္တလေးကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။                                                            ထွန်းလှိုင်