Main menu

Background

အဝင်လှိုင်၊ အထွက်လှိုင်လာတဲ့ စစ်ကိုင်းကကုလားပဲ

Sun, 02/20/2011 - 05:04 -- Anonymous (not verified)

အဝင်လှိုင်၊ အထွက်လှိုင်လာတဲ့ စစ်ကိုင်းကကုလားပဲ               စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁ဝ-၁၁ ခုနှစ် ဆောင်းသီးနံှ ကုလားပဲ လျာထားစိုက်ဧကထက် ကျော်လွန်ပြီး ၁ဝ၂ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါတယ်။ မုံရွာ ခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်များမှာ ကုလားပဲအသစ်များ ထွက်ပေါ်နေပြီး၊ မုံရွာမြို့သို့ လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ လှောင်လက် သမားများ အဝယ်များလို့ အရောင်းအဝယ်သွက်လာကြောင်း ကုန်သည်တစ်ဦးမှ ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း ကုလားပဲဖြူလုံးကြီး တစ်ရက်ကို ပျမ်းမျှတင်း ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း တိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ တင်း ၃၃ဝဝ ကျော်စီးထွက် ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီ ၁၅ ရက်အတွင်း တစ်ပိဿာ အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ်ကုလားပဲ ၉၇၄ ကျပ်- ၁၂၈၉ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ၉၆၃ ကျပ်- ၁၁၈၄ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြကြောင်း သိရှိရပါတယ်။    သန်းသန်းတင်