Main menu

Background

ပဲကြီးအသစ်များ မုံရွာကုန်စည်ဒိုင်သို့ဝင်ပြီ

Sun, 02/20/2011 - 05:10 -- Anonymous (not verified)

ပဲကြီးအသစ်များ မုံရွာကုန်စည်ဒိုင်သို့ဝင်ပြီ            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနံှများ စတင်ထွက်ပေါ်နေပြီ ဖြစ်လို့ မုံရွာမြို့နယ် သာစည်ကျေးရွာမှ ပဲကြီးတင်း ၂ဝ-၂၅ ခန့် မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဒေသတွင်းစားသုံးမှုနဲ့ ပဲလှော်ဖိုလုပ်ငန်း များရဲ့ နေ့စဉ်ပဲကြီးတင်း ၁ဝဝ ခန့်လိုအပ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း ပဲကြီးတစ်ပိဿာ ပေါက်ဈေး အနိမ့်အမြင့်မှာ ၉၄၇ ကျပ်၊ ၁ဝဝဝ ကျပ်၊ ယခင် ကာလတူဈေးမှာ ၁၁ဝ၅ ကျပ်၊ ၁၂၈၉ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုအပတ် အတွင်း မုံရွာမြို့မှ ရန်ကုန်သို့ ပဲကြီးတင်း ၂၄ဝ ခန့် စီးထွက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအထွက် ပဲတိုးဂိတ်စာရင်းအရ သိရှိခဲ့ရပါတယ်။             သန်းးသန်းးတင်