Main menu

Background

ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များဝင်ရောက်

Sun, 02/20/2011 - 05:31 -- Anonymous (not verified)

ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များဝင်ရောက်                 ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ပန်းတောင်း ဥသျှစ်ပင်၊ ဝက်ထီးကန်ဖက်မှအဝင်ရှိပြီး၊ တစ်ရက်လျှင် အိတ် ၄ဝ-၅ဝ အထိ အဝင်ရှိလာခဲ့ပါတယ်။ ပဲကြီးအသစ်မှာ အဖွင့်ဈေး အနေဖြင့် ပဲကြီးတစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြပြီး၊ အဟောင်းလက်ကျန်ပဲများ ကတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ပဲကြီးအသစ်များမှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး လက်ကျန်အဟောင်းကတော့ တစ်ရက်လျှင် အိတ် ၁၅ဝ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်ကြောင်းသိရပါတယ်။                                                          အိရေ့ွှစင်