Main menu

Background

ပြည်ဘိုကိတ်ပဲ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေ

Sun, 02/20/2011 - 05:32 -- Anonymous (not verified)

ပြည်ဘိုကိတ်ပဲ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေ                   ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၂၁ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်ဈေးကျသွားကြောင်းသိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ နောက်အသီးတွေ အဝင်ရှိလာတာကြောင့် ဈေးလျော့နည်းသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြည် အနောက်ဘက်ကမ်း ကံမ၊ ဥသျှစ်ပင်၊ ပန်းတောင်းမြို့နယ်များမှ အိတ် ၇ဝ မှ ၈ဝ ထိအဝင်ရှိပြီး၊ အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။                               ဆုမွန်ဆွေ