Main menu

Background

ခရမ်း ပဲတီရွှေဝါ အဝင်လှိုင်နေသလို ဈေးကောင်းရနေ

Sun, 02/20/2011 - 05:35 -- Anonymous (not verified)

ခရမ်း ပဲတီရွှေဝါ အဝင်လှိုင်နေသလို ဈေးကောင်းရနေ                ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များတွင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဆောင်းပဲတီရွှေဝါများ ဖေဖော်ဝါရီလဆန်းမှစလို့ မြို့ပေါ်ပဲဈေးကွက်များကို စတင်ဝင်ရောက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၃၉ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။                 ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ ပဲတီ ရွှေဝါဈေး ပြန်အေးခဲ့လို့ ပိဿာ ၂ဝ တစ်တင်းကို ၃၆ဝဝဝ ကျပ်ထိပြန်ဆင်းခဲ့ပါသေးတယ်။ မြို့ပေါ်ပဲဈေးကွက်ကို ကိုျက်ခေါက်ဘုရားပွဲအမီ အလုံးအရင်းနဲ့ ပဲတီရွှေဝါများ ဝင်ရောက် လာလို့ ပဲတီရွှေဝါဈေး ထပ်ဆင်းမယ်ထင်ခဲ့ပေမဲ့ တရုတ်ဝယ် လက်တွေနဲ့ အခြား အိတ်စပိုတာတွေ အဆွဲများလို့ ပဲတီရွှေဝါ ဈေးဟာ ဖေဖော်ဝါရီ ဒုတိယပတ်မှာ တစ်ရိပ်ရိပ်ပြန်တက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်း ၄၁ဝဝဝ ကျပ်ထိ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်  မှာ ပဲတီရွှေဝါတစ်ဧက ကုန်ကျစရိတ်မှာ ၁ သိန်းခွဲဝန်းကျင် လောက်သာ ကုန်ကျခဲ့ပြီး မနှစ်ကထက် အနည်းငယ်သာ ပိုခဲ့ပါတယ်။ အကျိုးအမြတ်က ဒီနှစ်အထွက်နှုန်းလည်း ပို၊ ပဲဈေးလဲရလို့ တစ်ဧက ၅ သိန်းကျော်လောက်ရရှိခဲ့ပါတယ်လို့ ပဲစိုက်တောင်သူ တချို့ထံမှ သိရပါတယ်။ ဝယ်လက်စုံတဲ့ ခရမ်း၊ သုံးခွမြို့နယ်တွေမှာ ယခုရက်ပိုင်း တစ်မြို့နယ်မှာ နေ့စဉ် ပဲပိဿာ ၃ဝ ဝင် တစ် တင်းခွဲအိတ် ၅ဝဝဝ အိတ်ဝန်းကျင် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ဘုရင့်နောင်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိကြောင်း ခရမ်း၊ သုံးခွ၊ ပဲတီရွှေဝါ၊ ဝယ်ယူနေသော ပဲအဝယ်ဒိုင်များမှ သတင်းရရှိပါ တယ်။ PTAC-1 ရန်ကုန်