Main menu

Background

MMTC မှ ပဲမျိုးစုံတန်ချိန် ၄၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူ

Sun, 02/20/2011 - 05:37 -- Anonymous (not verified)

MMTC မှ ပဲမျိုးစုံတန်ချိန် ၄၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူ               အိန္ဒိယနိုင်ငံပိုင် MMTC  ကုမ္ပဏီဟာ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချရေး ပဲမျိုးစုံတန်ချိန် ၄၇ဝဝဝ တင်သွင်းဖို့တင်ဒါခေါ်ယူခဲ့ပါတယ်။ ယင်းတင်သွင်းရမယ့်ပဲများကို မတ်လမှာ မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ ရမယ်လို့ ၎င်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။                 တင်ဒါကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ ပိတ်မှာဖြစ်ပြီး အဲဒီနေ့မှာဘဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ တင်သွင်းမယ့်ပဲတွေကတော့ မြန်မာမတ်ပဲ တန် ၆ဝဝဝ၊ မြန်မာပဲစင်းငုံ တန် ၃ဝဝဝ၊ အာဖရိက ပဲစင်းငုံတန် ၃ဝဝဝ နဲ့ ကနေဒါ ပဲဝါလေး တန် ၃၅ဝဝဝ တို့ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းပြတ်လပ်မှုကို ဖြည့်ဆည်းဖို့ နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၄ သန်းဝန်းကျင်တင်သွင်းနေရပါတယ်။ ယမင်းခင်၊ှSource: business Line.com