Main menu

Background

အိန္ဒိယပန်ဂျပ်တောင်သူများ အီသီယိုပီးယားမှာ ပဲမိုျးစုံနဲ့ ဆီထွက်သီးနံှစိုက်ပျိုးမှုစတင်မယ်

Sun, 02/20/2011 - 05:40 -- Anonymous (not verified)

 အိန္ဒိယပန်ဂျပ်တောင်သူများ အီသီယိုပီးယားမှာ ပဲမိုျးစုံနဲ့ ဆီထွက်သီးနံှစိုက်ပျိုးမှုစတင်မယ်           အိန္ဒိယနိုင်ငံ ပန်ဂျပ်အခြေစိုက်တောင်သူများ အုပ်စုဟာ အီသီယိုပီးယားရဲ့ မြေဟက်တာ ၅ဝဝဝ မှာ ပဲမိုျးစုံနဲ့ ဆီထွက်သီးနံှများ စိုက်ပျိုးသွားမှာဖြစ်ပြီး ထွက်ရှိတဲ့ သီးနံှတွေကို အိန္ဒိယကို တင်သွင်းသွားမယ်လို့ သိရပါတယ်။ ယခု နှစ် စက်တင်ဘာလကစပြီး မြေဟက်တာ ၅ဝဝဝ မှာ ပဲမျိုးစုံ၊ ဆီထွက်သီးနံှ၊ ကြံနဲ့ပြောင်းတွေကိုစိုက်ပျိုးသွားမယ်လို့ အာလူးမျိုးစေ့ တောင်သူများအဖွဲ့( Poscon ) အထွေထွေ အတွင်းရေးမှူး Mr Jang Bahadur Singh Sangha  က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။             အီသီယိုပီးယားမှာ ၎င်းတို့ထုတ်လုပ်တဲ့သီးနံှတွေ အိန္ဒိယကို တင်သွင်းရာမှာတော့ နိုင်ငံစားနပ်ရိက္ခာ ဖူလုံဖို့ အထောက် အပံ့ဖြစ်စေတာမို့ အစိုးရအနေနဲ့ အခွန်သက်သာခွင့် ပေးစေလိုကြောင်းလည်းယင်းအုပ်စုက ပြောကြားပါတယ်။ အီသီယိုပီးယားမှာ လယ်မြေအခြေအနေက အိန္ဒိယမှာ စိုက် ပျိုးတဲ့ အခြေအနေနဲ့ ဆင်တူပြီး အီသီယိုပီးယားမှာ စိုက်ပျိုးနိုင်တဲ့ မြေအများအပြားတွေ့ရှိထားတယ်လို့လည်း ၎င်းတို့က ပြောကြားကြောင်း သိရပါတယ်။ ယမင်းခင်၊ှSource: P T I