Main menu

Background

ဝယ်အားရှိရင် အိုပက်က ရေနံရောင်းအား တိုးပေးမည်

Sun, 02/20/2011 - 05:50 -- Anonymous (not verified)

 ဝယ်အားရှိရင် အိုပက်က ရေနံရောင်းအား တိုးပေးမည်                   အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)က ရေနံတင်ပို့တဲ့နိုင်ငံများ (အိုပက်) ခွဲတမ်းနဲ့အညီ တစ်ရက်ကို ရေနံစည် ၂ ဒသမ ၂သန်း ထုတ်လုပ်နေတယ် လို့ စွမ်းအင်ဝန်ကြီး မိုဟာမက်အယ်လ်ဟမ်လီက ပြောပါတယ်။ ဈေးကွက်ထဲကို အလုံအလောက် ဖြန့်ဖြူးထားပြီလို့လည်း ပြောပါတယ်။                 ဝယ်လိုအား ပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက် ကုန်ကျစရိတ်တက်မလာ အောင် အိုပက်နိုင်ငံတွေက ဈေးနှုန်းတွေကို စောင့်ကြည့်နေတယ်လို့ မစ္စတာ အယ်လ်ဟမ်မလီက ပြောပါတယ်။ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဝယ်လိုအားကို မထိခိုက်စေချင်ဘူး။ ဈေးနှုန်းတွေက ဈေးကွက်အခြေခံတွေဖြစ်တဲ့ ရောင်း လိုအားနဲ့ ဝယ်လိုအားကို ရောင်ပြန်ဟပ်မပေးပါဘူးလို့ ပြောပါတယ်။ ဈေးနှုန်းတွေတက်တာဟာ ကမ္ဘာ့အရေးအခင်း တေေွ ကြာငသ့် ာ ဖြစရ် တယ် လို့ သူကပြောပါတယ်။ ဥရောပနဲ့ အာဖရိကအတွက် အခြေခံစံထားဈေးနှုန်းဖြစ်တဲ့ ဘရင့်ရေနံစိမ်းဈေးနှုန်းက ပြီးခဲ့တဲ့လက တစ်စည်ကို ဒေါ်လာ ၁ဝဝ အထိဖြစ်ခဲ့ ပါတယ်။                  ဘရင့်ရေနံဈေးနှုန်းနဲ့ တက္ကဆပ်အနောက်ပိုင်းရှိ အခြေခံဈေးနှုန်းတွေအကြား အဆက်အစပ်မရှိဘူးလို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ အမေရိကန်ပြည်ထောင်စု ရဲ့ လက်ကျန်အခြေအနေနဲ့ ကုန်သည်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုစတဲ့ အကြောင်း တရားတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။                     ဘဏ္ဍာရေးအကျပ်အတည်း မပေါ်ပေါက်မီအခြေအနေထိ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာရင် ဝယ်လိုအားနဲ့အညီ အိုပက်အဖွဲ့ကရောင်းလိုအားကို မြှင့်တင်သွားမယ်လို့ ဆော်ဒီအာရေးဗီးယားဝန်ကြီး မစ္စတာအလီအယ်လ်နိုင် မီက ပြောပါတယ်။ အိုပက်အဖွဲ့ရဲ့ မူဝါဒက ရောင်းလိုအားနဲ့ ဝယ်လိုအား ချိန်ခွင်ညှာ ညီမျှအောင် ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။ Source:bloomberg.com, ဉာဏ်တင်