Main menu

Background

ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်းများ မြင့်လာ

Sun, 02/20/2011 - 05:55 -- Anonymous (not verified)

ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်းများ မြင့်လာ                ရန်ကုန်ရွှေဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်းများ မြင့်လာကြောင်း ရွှေကုန်သည်များထံက သိရသည်။ ''ဖေဖော်ဝါရီ ၁ဝ ရက်နောက်ပိုင်းကစပြီး ရွှေဈေးနှုန်းတွေ ခပ်စိပ်စိပ် တက်လာတာ တွေ့ရတယ်။ ဒေါ်လာဈေးနှုန်းတွေလဲ တက်လာတယ်။ အရပ်ဝယ် လက်တွေရဲ့ ရွှေအဝယ်က အခုထိရှိနေတယ်။ ဖေဖော်ဝါရီ ၁၆ ရက်က အခေါက်ရွှေ ဈေးက တစ်ကျပ်သားကို ကျပ် ၆၈ဝဝဝဝ ဖြစ်ခဲ့တယ်''ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီ ၁၇ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၅၇ဝဝဝ- ၆၅၃၅ဝဝ ဖြစ်ခဲ့ပြီး ၁၈ ရက်က ကျပ် ၆၅၆ဝဝဝ-၆၅၃ဝဝဝ ဖြစ်ပေါ်ခဲ့သည်။MN