သီတင်းတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်မြေသြဇာအဝင်မရှိ သီတင်းတစ်ပတ်ကို ပျမ်းမျှ တန်ချိန် တစ်ထောင်မှ နှစ်ထောင်ကျော်ကြား တင်သွင်းနေကြ ဓာတ်မြေသြဇာက ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် နှစ်ရာကျော် သာတင်သွင်းခဲ့ပြီး ဒီသီတင်းပတ်မှာတော့ အဝင်မရှိခဲ့ပါဘူး။ ဈေးကွက်ထဲ အရောင်း အဝယ်ကလည်း ပုံမှန်သာရှိကြောင်း သတင်းရရှိပါတယ်။ MIRT (DOT) တစ်ပတ်အတွင်း နယ်စပ်က တန်ချိန် ၁၅ဝဝဝ နီးပါးသွင်း ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ မောင်တောနဲ့ ရိဒ်နယ်စပ်စခန်းများမှ ဓာတ်မြေ သြဇာ ၁၄၆၆၉ ဒသမ ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၂၇၆ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၇၃ဝ တန်ကျော်၊ တာချီလိတ်မှ ၅၇ ဒသမ ၅တန်၊ ကော့သောင်းမှ ၂၈၉ဝတန်၊ မောင်တောမှ ၁၂ ဒသမ ၄၅ တန်နဲ့ ရိဒ်မှ ၉၇၈ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်းနဲ့ အမိုးနီးယမ်းနိုက် တြိတ်ဓာတ်မြေသြဇာကုန်ကြမ်းတို့ဖြစ်ပါတယ်။ တာချီလိတ်မှ အမိုးနီးယမ်း နိုက်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ ရိဒ်မှ ယူရီယားနဲ့ ပိုတက်ရှ်တို့ တင်သွင်း ခဲ့ကြတာဖြစ်ပါ တယ်။ ယခုအပတ်မှာ ယခင်အပတ်ကထက် မူဆယ်မှ ၆၅၄၉ တန်နဲ့ ရိဒ်မှ ၂၄၅ တန် သိသိသာသာပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ၅၈၁ဝဝဝ ကျော် တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြှား(တရုတ်) ၂၄ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၂၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၈ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၅ဝဝ တီစူပါ GTSP 46% ၂၂၃ဝဝ တီစူပါ GSSP 16% ၁ဝ၂ဝဝ တီစူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝ အာမို (ဒိုင်းမွန်းစတား) ၄၁ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၂၈ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၂၈ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂၈ဝဝ တီဆူပါ-(တရုတ်) 12% ၁ဝဝဝဝ တီဆူပါ-(တရုတ်) 16% ၁ဝ၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇၅ဝဝ တီဆူပါ 10:10:5(တရုတ်) ၁၅၅ဝဝ ပိုတက်(တရုတ်) ၂ဝ၅ဝဝ ဓါတ်ဆား (တရုတ်) ၁၄၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝMIRT (MAPT)
Background