ဒီတစ်ပတ်လည်းဝင်အားကောင်းနေတဲ့ ဘိလပ်မြေ ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း ဘိလပ် မြေတန်ချိန် ၂၄၄၆ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၇၇၉၇ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေ ကတော့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်နဲ့ ဆင်တံဆိပ် ဘိလပ်မြေတန်ချိန် နှစ်သောင်း သုံးထောင့်သုံးရာရှစ်ဆယ်နဲ့ ပါကစ္စတန် နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် တစ်ထောင့်ရှစ်ဆယ်တို့ကို အသီး သီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဝင်အားကောင်းကောင်းနဲ့ ဝင်လာခဲ့တဲ့ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်လက် ဝင်အားကောင်းဆဲ ဖြစ်ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၄၅ဝဝ နီးပါးတင်သွင်း ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ်၊ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၅၄၂ သန်းတန်ဖိုးရှိ ဘိလပ် မြေ ၄၄၈၃ ဒသမ ၅ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းခဲ့တဲ့ လွယ်ဂျယ်၊ မြိတ်၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများက ယခုအပတ်မှာ တင် သွင်းမှုမရှိတဲ့အတွက် ယခင်အပတ်ကထက် တန်ချိန် ၈ဝဝကျော် တင်သွင်းမှု လျော့နည်းသွားပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ ၆၃ တန်၊ ကန်ပိုက်တီးမှ ၂၅၆၅ တန်နဲ့ တာချီလိတ်မှ ၁၈၅၅ တန်ကျော် ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၁ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၅ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background