Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Sun, 02/20/2011 - 06:45 -- Anonymous (not verified)

ရေကြောင်းလမ်းမှနို့ဆီသာအဝင်ရှိခဲ့                ဒုတိယသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာ ကာလ အတွင်း နို့ဆီတန်ချိန် ၁၄၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁၃၄၅၅ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံ ဖြစ်ပြီး ဒွန်းတံဆိပ်နို့ဆီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ အဝင်တန်ချိန်မှာ ၂၅ဝ ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ အဝင်တန်ချိန် အနည်း ငယ် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းမှာထုတ်လုပ်တဲ့ နို့ဆီများနဲ့ အစားထိုး သုံးစွဲမှုတွေကြောင့်လည်း နို့ဆီအဝင်အားပျော့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ သွင်းအားကောင်း ကောင်းနဲ့ တင်သွင်းလာခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ပါဘူး။ နို့မှုန့်ကတော့ နယူးဇီလန်၊ မလေး ရှား၊ ဘူဂေးရီးယား စတဲ့နိုင်ငံအသီးသီး ကနေ တန်ချိန် ၂၄ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၇ဝ၃၄၅ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် တစ်ရာ့လေးဆယ်ကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တော့ အဝင်လျော့နည်းခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) နို့ဆီ နို့မှုန့် နို့စိမ်းနယ်စပ် ပုံမှန်ပြန်ဝင်လာ                         ပြီးခဲ့တဲ့အပတ်က တရုတ်နှစ်သစ် ကူးပွဲတော်ကာလဖြစ်တဲ့အတွက် နို့ဆီ၊ နို့မှုန့်၊ နို့စိမ်းနယ်စပ်မှ တင်သွင်းမှုမရှိပေ မဲ့ ယခုအပတ်မှာ ပြန်လည်တင်သွင်းမှု တွေရှိလာတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလ အတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မှ လိပ်ပြာနှစ်ကောင်တံဆိပ် ၅ဝဝ ဂရမ်ပါ အထုပ်ကြီးနဲ့ ၂ဝ ဂရမ်ထုပ် ၂ဝ ပါ ၄ဝဝ ဂရမ်အထုပ်ကြီးများ တင်သွင်းမှုရှိခဲ့ပါတယ်။ကန်ဒေါ်လာ၉၆၈ဝ၅ တန်ဖိုးရှိ နို့မှုန့် ၃၄ တန် တင်သွင်းနိုင်ခဲ့ တာဖြစ်ပါတယ်။ ကော့သောင်းနယ်စပ် မှ ဒေါ်လာ ၄၉၆ဝဝ တန်ဖိုးရှိ နို့ဆီ ၅၈ ဒသမ ၇၇၆ မက်ထရစ်တန် ၃၁ဝဝ ကာတွန်းနဲ့ ဒေါ်လာ ၄၂၅ဝဝ တန်ဖိုးရှိ နို့စိမ်း ၄၇ ဒသမ ၄ (၂၅ဝဝ) ကာတွန်း တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကတော့ နယ်စပ်စခန်း များက နို့ဆီ၊ နို့မှုန့်၊ နို့စိမ်း တင်သွင်းမှု မရှိခဲ့ပါဘူး။MIRT (DOBT)  ပြည်တွင်း နို့ဆီ လက်လီဈေးများ            နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး               ကျပ်/တစ်ဘူး                       ရန်ကုန်         မန္တလေးဒွန်း( နို့ဆီ )          ၇ဝဝ            ၇၁၅ဒွန်း( နို့စိမ်း)          ၆၇ဝ            ၆၈၅Falcon နို့ဆီ          ၆၂ဝ           ၆၃၅Happy Cow          ၆၂ဝ          ၆၃၅မာရီဂိုး(နို့ဆီ)         ၆၅ဝ            ၆၆၅အိုကေနို့ဆီ           ၆၇ဝ            ၆၈၅MIRT (DOT)