Main menu

Background

စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိ

Sun, 02/20/2011 - 06:56 -- Anonymous (not verified)

စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိ                 အထွက်လျော့ကျခြင်းနဲ့ နောက် ၂ လအတွက် လက်ကျန်နည်းတဲ့ အခြေ အနေတွေကြောင့် မလေးရှားစားအုန်းဆီ ကြမ်းဈေးနှုန်းက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၃) နီးပါးအထိ ဆက်လက်ခိုင်မာ ဖွယ်ရှိတယ်လို့ သိရပါ တယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလ စားအုန်းဆီကြမ်းစာချုပ်ဈေးဟာ တစ်တန် ကို ၂၉ ရင်းဂစ်ပိုလာပြီး ရင်းဂစ် ၃၉၅၅ (ကန်ဒေါ်လာ ၁၂၉၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                 ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က မလေးရှားစားအုန်းဆီအဖွဲ့ရဲ့ ပြော ကြားချက်အရ ဇန်နဝါရီလ စားအုန်းဆီ ကြမ်းထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ဝ၆ သန်းရှိလို့ ၄ နှစ်နီးပါးမှာ အနိမ့်ဆုံးကို ကျဆင်းတယ်လို့ သိရပါတယ်။ စားအုန်း ဆီလက်ကျန်ကလည်း တန်ချိန် ၁ ဒသမ ၄ သန်းသာရှိလို့ ယခင်နှစ် ဇူလိုင်လ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ တင်ပို့မှု ကတော့ တန်ချိန် ၁ ဒသမ ၂၁ သန်းပိုမိုလာတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း စားအုန်းဆီကြမ်းဈေးက ၅ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ ပါ တယ်။ ဒါပေမဲ့ လက်ရှိတစ်တန် ရင်းဂစ် ၃၈ဝဝ အထက် မြင့်တက်နေတာကြောင့် အချို့ ဝယ်လက်တွေက ဈေးပိုမို သက်သာတဲ့ အခြားဟင်းသီးဟင်းရွက်ဆီများကို ပြောင်း လဲဝယ်ယူလာကြတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ရှိစားအုန်းဆီကြမ်းဈေးနှုန်းခိုင်မာနေခြင်းမှာ ရာသီဥတုအပြောင်း အလဲကြောင့် စားအုန်းဆီ၊ ပဲပုပ်နဲ့ ပြောင်းရောင်းချမှုနည်းခြင်းနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၁ ဒုတိယ နှစ်ဝက်အတွင်းမှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၁) ဝန်းကျင်ထိမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယုဇန၊ှSource: malaysiastar