Main menu

Background

ဖေဖော်ဝါရီ ဒုတိယပတ်မှာ နှမ်းတန် ၃၄ဝ သာအတင်ရှိ

Sun, 02/20/2011 - 06:58 -- Anonymous (not verified)

ဖေဖော်ဝါရီ ဒုတိယပတ်မှာ နှမ်းတန် ၃၄ဝ သာအတင်ရှိ                  ယခုဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန် ၃၄ဝ သာ တင်ပို့မှုရှိလို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၅ဝဝ ခန့်ထက် လျော့ကျ တင်ပို့ခဲ့တာတွေ့ရပါတယ်။ နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ဆောင်းနှမ်း ဝင်ရောက်မှုရှိသလောက် ပြည်ပတင်ပို့သူရော ဆီစက်သမားများပါ အဆွဲရှိလို့ နှမ်း ဈေးကောင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ- ၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT