Main menu

Background

ယခုအပတ် နယ်စပ်က နှမ်းနက်သာမက နှမ်းဖြူအခွံချွတ်ပါ တင်ပို့မှုရှိ

Sun, 02/20/2011 - 07:02 -- Anonymous (not verified)

ယခုအပတ် နယ်စပ်က နှမ်းနက်သာမက နှမ်းဖြူအခွံချွတ်ပါ တင်ပို့မှုရှိ                                              ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းနက် သာမက နှမ်းဖြူအခွံချွတ်ပါ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ဒေါ်လာ ဝ ဒသမ ၂၅၈ သန်းတန်ဖိုးရှိ နှမ်းနက် ၁၇၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၂ဝ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၁၃ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်က နှမ်းနက် ၁၅၉ တန်နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ၁၃ တန်ခန့်စီ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ယခု အပတ်မှာ တရုတ်ဘက်မှ ဝယ်လိုအားပြန်လည်ရှိလာတာ တွေ့ရပါတယ်။ ပြည်တွင်း နှမ်းဈေးနှုန်းများကတော့ နှမ်းဖြူ (လတ်) တစ်တန် ၉၇၉၈၃၂ မှ ၉၉၃၄၄၁ ကျပ်၊ နှမ်းဖြူ (ကောင်း) တစ်တန် ၁ဝ၂ဝ၆၅၈ မှ ၁ဝ၇၅ဝ၉၃ ကျပ်ရှိပြီး နှမ်းနက် (ညံ့) တစ်တန် ၁ဝ၄၈ဝ၅၅ ကျပ်မှ ၁၂၉၃ဝ၅၅ ကျပ်၊ နှမ်းနက် (ကောင်း) တစ်တန် ၁၂၂၅ဝဝဝ ကျပ်မှ ၁၂၉၃ဝ၅၅ ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။တရုတ် နိုင်ငံ ရွှေလီ ဝယ်ယူဈေးတွေကတော့ နှမ်းဖြူ တစ်တန် ၉ဝ၈ဝ မှ ၉၂၈ဝ ယွမ်နဲ့နှမ်းနက် တစ်တန် ၁ဝ၂၈ဝ မှ၁၁၇၈ဝယွမ်ထိရှိနေတယ်လို့ သိရပါတယ်။ နယ်စပ်နှစ်ဖက်ရှိ ယခုအပတ်နဲ့ ယခင်အပတ်နှမ်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                              မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု                   ယခင်       ပြောင်းလဲမှု    %          ယခု        ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ         ၁၂၃၄၆၅၄        ၁၂ဝ၈၄၆၈      ၂၆၁၈၆         ၂         ၁၄ဝ၉       ၁၄၁၁      ၂              ဝ .၁နှမ်းနက်        ၁၄၃၇၂၅၆       ၁၄၃၇၂၅၆           -              -          ၁၆၇၁       ၁၆၇၂      ၁             ဝ .ဝ၆MIRT (DOBT)