Main menu

Background

တရုတ်အဝယ်လိုက်လာတဲ့ မန်းနှမ်းဈေးကွက်

Sun, 02/20/2011 - 07:08 -- Anonymous (not verified)

တရုတ်အဝယ်လိုက်လာတဲ့ မန်းနှမ်းဈေးကွက်                       မန်းဈေးကွက်သို့ ရွှေဘို၊ ဝက်လက်၊ ကျောက်တွင်း၊ ရေနံ့သာ၊ မတ္တရာ ဒေသများမှ နှမ်းဖြူများအပြင် အောင်လံ၊ အညာဒေသများမှ နှမ်းနက်များလည်း ဝင်ရောက်မှုရှိနေပါတယ်။ ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ်ထက် တရုတ် အဝယ်ရှိလာတဲ့အတွက် ဈေးအနည်းငယ်မြင့်လာတာကိုလည်း တွေ့ရပါတယ်။ ယခု တစ်ပတ် နှမ်းဖြူ တစ်ပိဿာ ၁၇၃၃ ကျပ်၊ တစ်တန် ၁ဝ၆၁၂ဝဝ ကျပ်၊ နှမ်းနက် အညာစမုံက တစ်ပိဿာ ၂၂၈၉ ကျပ်၊ တစ်တန် ၁၄ဝ၁၇ဝဝ ကျပ်၊ နှမ်းနက် (ရိုးရိုး) ထိပ်စတစ်ပိဿာ ၂ဝဝဝ ကျပ်၊ တစ်တန် ၁၂၂၄၇ဝဝ ကျပ်၊ နှမ်းညို ၁၅၁၁ ကျပ်၊ တစ်တန် ၉၂၅၃ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ နှမ်းဆီ ဈေးက တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၁၅ဝ ကျပ်၊ နှမ်းဖတ်က ၆၄ဝ ကျပ်-၆၆ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပြီး၊ ယခုတစ်ပတ်မှာ တရုတ်နှစ်သစ်ကူး မတိုင်မီ ထက် ရောင်းဝယ်သွက်လာသလို ရောင်းဝယ်နေကြတဲ့ နှမ်းတွေကလည်း ဆောင်းနှမ်းပဲဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောပါတယ်။ ကျော်ကျော်မိုး