Main menu

Background

ဆီထွက်သီးနံှ နယ်အဝင်နည်းလို့ မုံရွာမှာ ဈေးမာလာ

Sun, 02/20/2011 - 07:09 -- Anonymous (not verified)

ဆီထွက်သီးနံှ နယ်အဝင်နည်းလို့ မုံရွာမှာ ဈေးမာလာ                  မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ်ဆီထွက်သီးနံှဈေးကွက်မှာ နယ်စုံက နှမ်းအဝင်လျော့လို့ နှမ်းဈေးအနည်းငယ်မြင့်လာခဲ့ပေမဲ့ မြေပဲဆံဈေး ကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ်အတွင်း နှမ်းနဲ့မြေပဲ နယ်အနည်း ငယ်ဆွဲခဲ့ပြီး အဓိကဝယ်လက်ကတော့ စက်မှုလုပ်ငန်းလိုင်းကဖြစ်တယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနံှနဲ့ စားဆီပေါက်ဈေးတွေကို လေ့လာတဲ့အခါ နှမ်းညိုတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၄၃ဝဝ ကျပ်မှ ၂၅၅ဝဝ ကျပ်၊ အဖြူတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၂၆၂ဝဝ ကျပ်သို့ ယခုရက်ပတ်အတွင်း အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ကာ မြေပဲ လုံးဆံကတော့ တစ်တင်း ၃၂၅ဝဝ ကျပ်မှာ ငြိမ်နေခဲ့ပါတယ်။ ဆီဈေးအနေနဲ့ ယခုလအတွင်း တစ်ပိဿာ ၁ဝဝ ကျပ်မှ ၁၅ဝ ကျပ်ထိဈေးမြင့်လာခဲ့ရာ မြေပဲဆီ တစ်ပိဿာ ၃၈ဝဝ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၃၃ဝဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၈၈ဝ ကျပ်အသီးသီး အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုရက်ပတ်အတွင်း ဆီထွက် သီးနံှစီးဆင်းတင်ပို့မှုအနေနဲ့ မန္တလေးကို နှမ်းတင်း ၂ဝဝဝ ခန့်နဲ့ မြေပဲတင်း ၃ဝဝ ခန့်၊ ပခုက္ကူကို နှမ်းတင်း ၄၅ဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                ထွန်းလှိုင်