Main menu

Background

မတ်ပဲဈေးပြန်မာလာ

Sun, 02/20/2011 - 07:23 -- Anonymous (not verified)

ပဲမျိုးစုံ၊ ဂံျုနဲ့ အာလူးဈေးနှုန်းကျဆင်းလာတာကြောင့် ဖေဖော်ဝါရီ ၅ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အိန္ဒိယစားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုဟာ ၁၁ ဒသမ ဝ၅ ရာခိုင်နှုန်းကို ကိုးပတ်ဆက် တိုက် ကျဆင်းလာတယ်လို့ သိရပါတယ်။ အာလူးဈေးက ၁၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ပဲမျိုးစုံဈေးနှုန်းက ၅ ဒသမ ၈၈ ရာခိုင်နှုန်းနဲ့ ဂံျုဈေးက ၂ ဒသမ ၅၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တာကြောင့် စားနပ် ရိက္ခာဈေးနှုန်း ဖောင်းပွမှုကလည်း ယခင်တစ်ပတ်ထက် ၂ ဒသမ ဝ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးပြန်မာလာ               အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ် အစော ပိုင်းက အဝယ်နည်းခဲ့တာကြောင့် မတ်ပဲဈေး လျော့ကျနေရာက သီတင်းပတ်နှောင်းပိုင်းမှာတော့ ပဲခွဲစက်လုပ်ငန်းရှင်များ အဝယ်တက် လာတာကြောင့် ဈေးပြန်မာလာခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းမတ်ပဲ များက မတ်လပထမပတ် လောက်မှာဝင်ရောက်တော့မှာဖြစ်လို့ အဲဒီ ကာလမှာတော့ ဈေးကွက်တွေမှာ ရောင်းအားများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကမတ်ပဲအသစ်များ လာ မယ့်ရက်တွေမှာ ဝင်ရောက်လာတော့မှာဖြစ်လို့ ဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေးနဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ  FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                  ဒေါ်လာ/တန်  ဈေးကွက်              ၁၇ .၂ .၁၁            ၁၆ .၂ .၁၁           ၁၅ .၂ .၁၁              ၁၄ .၂ .၁၁မွန်ဘိုင်း               ၈၈၁-၈၈၇                  ၉ဝ၁               ၈၆၉-၈၈ဝ                  ၈၇၉ဒေလီ                      ၉ဝ၃                       ၈၆၈                   ၈၅၈                     ၈၆၈ချန်နိုင်း               ၉ဝ၃-၁ဝ၃၃               ၈၅၇-၁ဝ၁၁         ၈၅၈-၁ဝ၁၂          ၈၈၅-၁ဝ၂၂