Main menu

Background

ကုလားပဲဈေးသိသိသာသာလျော့ကျ

Sun, 02/20/2011 - 07:27 -- Anonymous (not verified)

 ကုလားပဲဈေးသိသိသာသာလျော့ကျ                အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ရောင်းအားများ ပြီး အဝယ်အနည်းငယ်သာရှိလို့ ဒီတစ်ပတ်ကုလားပဲဈေး သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းမှာ သြစတြေးလျ ကုလားပဲဖြူလုံးကြီး တန် ၂၄ဝဝဝ ဝင်ရောက်လာပေမဲ့ ဝယ်လက်များက အရည်အသွေးနိမ့်တဲ့ သြစတြေးလျ ကုလားပဲကို တစ်တန် ရူပီး ၂၄၅ဝဝ (ကန်ဒေါ်လာ ၅၄ဝ)နဲ့ဝယ်ယူဖို့ စိတ်မဝင်စားကြဘူးလို့ ကုန်သည်များက ဆိုပါတယ်။ မကြာခင်က ရာဂျက်စသန်မှာ မိုးရွာသွန်း ခြင်းက ကုလားပဲပင်များ မနှစ်ကနဲ့နှိုင်းယှဉ်ရင် အထွက်ပိုမယ်လို့ ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်နဲ့ အတ္တရာပရာဒေ့ရှ်က ကုလားပဲ သစ်များ ဧပြီလပထမပတ်မှ စတင်ဝင်ရောက်မှာဖြစ်ပြီး အဲဒီကာလ မှာတော့ ပြည်တွင်းမှာ ရောင်းအားများနိုင်လို့ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                              ဒေါ်လာ/တန်  ဈေးကွက်         ၁၇ .၂ .၁၁         ၁၆ .၂ .၁၁          ၁၅ .၂ .၁၁                 ၁၄ .၂ .၁၁မွန်ဘိုင်း               ၅၄ဝ             ၅၂၇-၅၄၉             ၅၃၄-၅၅ဝ                 ၅၇၇ဒေလီ               ၅၆၇-၅၇၃            ၅၇၁                ၅၆၇-၅၇၂               ၅၈၇-၅၈၈ကန်ပါ                ၅၈၄                 ၅၈ဝ                   ၅၈၅                     ၅၉၁