Main menu

Background

ပဲတီစိမ်းဈေး အပြောင်းအလဲမရှိငြိမ်နေ

Sun, 02/20/2011 - 07:33 -- Anonymous (not verified)

 ပဲတီစိမ်းဈေး အပြောင်းအလဲမရှိငြိမ်နေ                 အဓိက ပဲတီစိမ်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် လည်း ဈေးအပြောင်းအလဲမရှိ တည်ငြိမ်နေပါတယ်။ ဒေစီပဲတီစိမ်း ရော မြန်မာပဲတီစိမ်းပါ ဈေးမေးအဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းလက်ကျန် များများမရှိတော့ ကြောင်းသိရပါတယ်။ သြစတြေးလျ နယူးဆော့ဝေးမှာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်အထိ ပဲတီစိမ်းစိုက်ဧရိယာ ဟက်တာ ၂၄၇ဝဝ ရှိကြောင်း သိရပါတယ်။ ပဲတီစိမ်းအသစ်များရဲ့ အရည်အသွေး နိမ့်ခြင်းနဲ့ ဝယ်လိုအားနည်းခြင်းတို့ကြောင့် လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                              ဒေါ်လာ/တန်  ဈေးကွက်                 ၁၇ .၂ .၁၁       ၁၆ .၂ .၁၁       ၁၅ .၂ .၁၁           ၁၄ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)    ၁၃၆၆-၁၃၈၈      ၁၃၆၂-၁၃၈၄    ၁၃၆၄-၁၃၈၆         ၁၃၆၃-၁၃၈၅ဒေလီ                      ၁၂၇၈             ၁၂၇၄             ၁၂၇၆                     ၁၂၇၅အင်ဒိုရီ                     ၁၁၆၈                -                ၁၁၈၈                     ၁၁၈၇