ဈေးကွက်အများစုမှာ ပဲစင်းငုံဈေးခိုင်မာပေမဲ့ အချို့ဈေးကွက်မှာလျော့ကျ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေးက အတက်အကျ အပြောင်းအလဲဖြစ်နေပါတယ်။ အချို့ဈေးကွက်တွေ မှာ ပဲခွဲစက်တွေအဝယ်ပြန်သွက်လာလို့ ဈေးပြန်ခိုင်မာလာပေမဲ့ အချို့ ဈေးကွက်တွေမှာတော့ ပဲဝင်ရောက်မှုတိုးလာလို့ ဈေးလျော့တာ တွေ့ရပါတယ်။ မြန်မာပဲစင်းငုံအသစ်များ ဖေဖော်ဝါရီလ ပထမပတ် အတွင်း ဝင်ရောက်ခဲ့ကြောင်းနဲ့ ပြည်တွင်းဈေးကျဆင်းနေတာကြောင့် နိုင်ငံတကာဈေးလည်း တစ်တန်ကို ၂၅ ဒေါ်လာကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်မှု တိုးတက်လာရင် အရောင်း အဝယ်အေးနိုင်ပေမဲ့ ဈေးများများ မကျဆင်းနိုင်ဘူးလို့ ကုန်သည် များကသုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၂ .၁၁ ၁၆ .၂ .၁၁ ၁၅ .၂ .၁၁ ၁၄ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၈၃၇ ၈၂၄ ၈ဝ၉-၈၁၄ ၈၅၇ဒေလီ(မြန်မာပဲစင်းငုံ) ၈၃၇ ၈၂၄ ၈၁၄ ၈၁၉ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈၄၈ ၈၁၃ ၈၁၄ ၈၄၆
Background