Main menu

Background

ရော်ဘာတင်ပို့မှု နှစ်ဆတက်

Sun, 02/20/2011 - 07:49 -- Anonymous (not verified)

ရော်ဘာတင်ပို့မှု နှစ်ဆတက်               ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၆၂၂ တန် တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄၂၉ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၃၁၆ တန် တင်ပို့ခဲ့တာ ကြောင့် ယခုရက်သတ္တပတ်မှာ နှစ်ဆတိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ စင်္ကာပူကိုMSR-20  ၂ဝ၁ တန်၊ တရုတ်ကို MSR-20  တန် ၂ဝဝ၊ မလေးရှားကိုRSS-5  တန် ၁၈ဝ၊RSS-3 ၄၁ တန် အသီးသီးဖြစ်ကြောင်း သိရပါတယ်။ အထွက်နှုန်းကျတဲ့ရာသီဖြစ်ပြီး ရော်ဘာရောင်းလိုအားပြတ်လပ် နေတာကြောင့် ဈေးမြင့်နေပေမဲ့ အဝယ်လိုက်နေတာ ဖြစ်ကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့ ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR-20  တစ်တန်ကို ၅၄ဝဝ ဒေါ်လာအသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW