Main menu

Background

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု သိသိသာသာမြင့်

Sun, 02/20/2011 - 07:52 -- Anonymous (not verified)

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု သိသိသာသာမြင့်                    ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်တို့မှ ကန်ဒေါ်လာ ၅ ဒသမ ဝ၉၅ သန်း တန်ဖိုးရှိ ရော်ဘာ ၁၂၉၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း အဆိုပါစခန်းများကပဲ ၃၃၇ တန်နီးပါး တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၉၅၇ တန်ကျော် နယ်စပ်မှ ရော်ဘာတင်ပို့မှု သိသိသာသာမြင့်တက်တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၆၇၃တန်၊ ချင်းရွှေဟော်မှ ၂၅၄ တန်နဲ့ မြိတ်မှ တန် ၃ဝ အသီးသီးတင်ပို့မှု ပိုမိုခဲ့တာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းများ အတွက် ရော်ဘာလိုအပ်ချက် မြင့်တက်လာတာနဲ့အမျှ တရုတ်ဝယ်လိုအား သိသိသာသာမြင့်တက်လျက်ရှိပါတယ်။ ရွှေလီမှာ ရော်ဘာဈေး ၁ တန်ကို ယွမ် ၁၅ဝဝ ပိုမိုမြင့်တက်နေတယ်လို့ မူဆယ်နယ်စပ်မှ ရော်ဘာတင်ပို့သူတစ်ဦးထံက သိရပါတယ်။                                      မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု                 ယခင်         ပြောင်းလဲမှု       %         ယခု       ယခင်  ပြောင်းလဲမှု      %RSS(3)        ၄၃၈၄၆၈၅        ၄၂၆၃၇၈၅       ၁၂ဝ၉ဝဝ       ၂ .၈       ၅ဝ၈၈     ၄၈၆၅     ၂၂၃             ၄ .၃RSS(5)         ၄၁၅၁၉၈၅        ၄၁၅၁၇၈၅        ၂ဝဝ         ဝ .ဝဝ၄     ၅ဝ၁၂      ၄၇၈၉    ၂၂၃            ၄ .၅MIRT (DOBT)