Main menu

Background

၂ဝ၂ဝ တွင် ကမ္ဘာ့ရော်ဘာဝယ်လိုအား တန်ချိန် သန်း ၃ဝ ကျော်မည်

Sun, 02/20/2011 - 07:56 -- Anonymous (not verified)

၂ဝ၂ဝ တွင် ကမ္ဘာ့ရော်ဘာဝယ်လိုအား တန်ချိန် သန်း ၃ဝ ကျော်မည်             ကမ္ဘာ့ဈေးကွက်မှာ မလေးရှားဈေးကွက်ကတော့ ဝယ်လိုအားကောင်းဆဲဖြစ်ပြီး ရောင်းလိုအား ပါးပါးပဲ ရှိတာကြောင့် ဆက်ပြီးအောင်ပွဲခံဦးမယ်လို့ သိရပါတယ်။ အဓိကရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ခြောက်သွေ့ တဲ့ ရာသီဥတုကြောင့် ရောင်းလိုအားပြတ်လပ်ပြီး တကမ္ဘာလုံးအကျပ်အတည်းတွေ့နေကြောင်း ကုန်သည် တစ်ဦးက ပြောပါတယ်။ ဆောင်းရာသီကလည်း ဈေးနှုန်းဆက်တက်ဖို့အထောက်အပံ့ပေးနေကြောင်း ၎င်းကုန်သည်က ဆက်လက်ပြောကြားပါတယ်။ ၂ဝ၂ဝ မှာ အိန္ဒိယနဲ့ တရုတ်ရဲ့သုံးစွဲမှုကြောင့် သဘာဝရော်ဘာနဲ့ ရော်ဘာတု သုံးစွဲမှု ၄ဝ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၃၃ ဒသမ ၉ သန်း ဝယ်လိုအားရှိနိုင်ကြောင်း အစီရင်ခံစာတချို့မှာ ဖော်ပြ ထားပါတယ်။ လာနီညာရာသီဥတုရဲ့ အကိုျးသက်ရောက်မှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ပုံမှန်ထက်ပိုမိုတဲ့ မိုးရွာသွန်းနိုင်ပြီး ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ အထွက်နှုန်းကျနိုင်ကြောင်းလဲ ခန့်မှန်းထားကြပါတယ်။ KZW,Source: Commodity Online